DVB Logo
Home
မြန်မာသတင်း
ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများလွတ်မြောက်ရေး “All In One Piece Movement” ပြုလုပ်
DVB
·
December 13, 2025
ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများလွတ်မြောက်ရေး “All In One Piece Movement” ပြုလုပ်
Donate to DVB

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတကြီး ဦးဝင်းမြင့်နဲ့ မတရားဖမ်းဆီးထိန်းသိမ်းခံထားရတဲ့  မြန်မာပြည်သူတွေအားလုံး အမြန်ဆုံးပြန်လွှတ်ပေးဖို့ တောင်းဆိုတဲ့ (All In One Piece Movement) လှုပ်ရှားမှုကို ဒီဇင်ဘာ ၁၃ ရက် ဒီကနေ့ ကမ္ဘာ့နိုင်ငံအသီးသီးမှာ ပြုလုပ်နေပါတယ်။

ဒီလှုပ်ရှားမှုကို ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားငယ် ကိုထိန်လင်း (ခ) ကင်မ်အဲရစ်က ဦးဆောင်ပြုလုပ်ပြီး ထင်ရှားတဲ့အနုပညာရှင်တွေနဲ့ တက်ကြွလှုပ်ရှားသူတွေက ဝိုင်းဝန်း အားဖြည့်ကူညီပေးနေတာဖြစ်ပါတယ်။ 

ဂျပန်၊ တောင်ကိုရီးယား၊ နယူးဇီလန်။ ဩစတြေးလျ၊ အမေရိကန်နဲ့ ဥရောပနိုင်ငံတွေအပါအဝင် ကမ္ဘာ့နိုင်ငံအသီးသီးမှာရောက်ရှိနေကြတဲ့ မြန်မာပြည်သူတွေရော ပြည်တွင်းက မြန်မာပြည်သူတွေပါ  မြေပြင်နဲ့ လူမှုကွန်ရက်တွေပေါ်ကနေ  ဒီလှုပ်ရှားမှုမှာ ပူးပေါင်းပါဝင် ဆန္ဒပြနေကြတာ ဖြစ်ပါတယ်။

ဒီလှုပ်ရှားမှုဟာ  ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ဖမ်းဆီးခံ နိုင်ငံရေးအကျဉ်းသားတွေအားလုံး လွတ်မြောက်ရေး၊ နိုင်ငံခေါင်းဆောင်တွေကို မတရားဖမ်းဆီးထားပြီး ကျင်းပမဲ့ ရွေးကောက်ပွဲဟာ အတုအယောင် ရွေးကောက်ပွဲဖြစ်တယ်ဆိုတာ ကမ္ဘာက သိရှိသတိပြုမိစေဖို့နဲ့ ပြည်သူ အားလုံးရဲ့ စည်းလုံးမှု အင်အားကို ပြသနိုင်ဖို့ ရည်ရွယ်တာလို့ ကမ်ပိန်းရဲ့ စာမျက်နှာမှာဖော်ပြထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013