DVB Logo
Home
နိုင်ငံတကာ
ဘိုလီးဗီးယားသမ္မတဟောင်း လူးဝစ်အာ့စ်ကို အလွဲသုံးစားမှုဖြင့် ဖမ်းဆီးစစ်ဆေး
DVB
·
December 12, 2025
ဘိုလီးဗီးယားသမ္မတဟောင်း လူးဝစ်အာ့စ်ကို အလွဲသုံးစားမှုဖြင့် ဖမ်းဆီးစစ်ဆေး
Donate to DVB

ဘိုလီးဗီးယားအာဏာပိုင်တွေဟာ သမ္မတဟောင်း လူးဝစ်အာ့စ်ကို သူ စီးပွားရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ချိန်တုန်းက ဆက်နွှယ်နေတဲ့ အလွဲသုံးစားမှုနဲ့ လိုက်လံစုံစမ်းစစ်ဆေးရင်း ဒီဇင်ဘာ ၁၀ ရက်မှာ ဖမ်းဆီးကာ ရဲအချုပ်မှာ ထိန်းသိမ်းထားလိုက်ပါတယ်။

တချိန်တည်းမှာပဲ မြို့တော် လာပက်ဇ်မှာ ဆန္ဒပြသူတွေကလည်း သူ့ကို လုံခြုံရေး အမြင့်မားဆုံးဖြစ်တဲ့ ချီန်ချိုရိုအကျဉ်းထောင်ကို ပို့လိုက်ဖို့ တောင်းဆိုခဲ့ကြပါတယ်။

သမ္မတဟောင်း ဖမ်းဆီးခံရမှုကို ထောက်ခံသူတွေဟာ လာပက်ဇ်မြို့တော်ရှိ ရာဇဝတ်မှု တိုက်ဖျက်ရေး အထူးတပ်ဖွဲ့ (FELCC) အပြင်ဘက်မှာ “လူပျက် အာ့စ်ကို ထောင်ချပစ်လိုက်” လို့  ရေးထားတဲ့ ဆိုင်းဘုတ်တွေနဲ့ စုဝေးခဲ့ကြပါတယ်။

ပြည်ထဲရေးဝန်ကြီး မာကိုအိုဗီဒိုက ပြောကြားချက်အရ တိုင်ကြားခံရတဲ့ ရာဇ၀တ်မှုတွေဟာ သမ္မတဟောင်းအာ့စ် စီးပွားရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ချိန်မှာ ဖြစ်ပွားခဲ့ကြောင်းနဲ့ အဲဒီအမှုတွေဟာ အထူးရုံးတင် စစ်ဆေးမှုအတွက် အရည်အချင်းမပြည့်မီဘဲ အဲဒီအစား ပုံမှန်တရားစီရင်ရေးစနစ်မှာ စစ်ဆေးခံရမှာလို့ ဆိုပါတယ်။

လူးဝစ်စ်အာ့စ်ဟာ သူ့ရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ အခွင့်အရေးတွေကို သုံးစွဲခဲ့ပြီး သူ့ရှေ့နေရဲ့ အကြံပေးချက်အရ တရားဝင်စွဲချက်တွေနဲ့ ကြိုတင်ကာကွယ်မှုတွေအပေါ် ကြားနာမှုကို စောင့်ဆိုင်းဖို့ ရဲအချုပ်ကို ပြန်မပို့ခင်အထိ တိတ်တိတ်ဆိတ်ဆိတ်နေဖို့ ရွေးချယ်ခဲ့ပါတယ်။

ဒီစုံစမ်းစစ်ဆေးမှုဟာ သူ့အရင်သမ္မတ အီဗိုမိုရာလက်စ် လက်ထက်မှာ လူးဝစ်အာ့စ် စီးပွားရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ချိန်တုန်းက အများပြည်သူရန်ပုံငွေတွေကို အလွဲသုံးစားပြုမှုနဲ့ ပိုကျယ်ပြန့်တဲ့ အဂတိလိုက်စားမှုရဲ့ တစိတ်တပိုင်း ဖြစ်ပါတယ်။

လူးဝစ်အာ့စ် ကိုယ်စားပြုတဲ့ လက်ဝဲဝါဒီ MAS ပါတီရဲ့ ဆယ်စုနှစ် ၂ ခုနီးပါး လွှမ်းမိုးမှုကို အဆုံးသတ်စေတဲ့ နိုင်ငံရေးအပြောင်းအလဲအပြီး ရက်သတ္တပတ်တွေအကြာမှာ ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။

Source: Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013