DVB Logo
Home
နိုင်ငံတကာ
ထိုင်း-ကမ္ဘောဒီးယား နယ်စပ်တိုက်ပွဲကြောင့် ဆူရင်ဒေသစစ်ရှောင် ၆၀,၀၀၀ ကျော်ရှိ
DVB
·
December 12, 2025
ထိုင်း-ကမ္ဘောဒီးယား နယ်စပ်တိုက်ပွဲကြောင့် ဆူရင်ဒေသစစ်ရှောင် ၆၀,၀၀၀ ကျော်ရှိ
Donate to DVB

ထိုင်း-ကမ္ဘောဒီးယားနယ်စပ် တိုက်ပွဲတွေကြောင့် ထိုင်းနိုင်ငံ အရှေ့မြောက်ပိုင်းရှိ ဆူရင်ဒေသမှာ စစ်ဘေးရှောင် ၆၀,၀၀၀ ကျော်အထိ ရှိလာပါတယ်။

နယ်စပ်တိုက်ပွဲတွေကြောင့် ကျောင်းတွေ၊ ဆေးရုံတွေ ပိတ်ထားရတယ်လို့လည်း ရိုက်တာက ဖော်ပြပါတယ်။

တိုက်ပွဲကြောင့် အန္တရာယ်ရှိတဲ့ နယ်စပ်ဒေသကနေ ထွက်ပြေးလာသူ ၆၀,၀၀၀ ကျော်ဟာ လက်ရှိအချိန်မှာ ယာယီတဲတွေနဲ့ နေထိုင်နေရပါတယ်။

တက္ကသိုလ်ကျောင်းဝင်းတခုမှာလည်း စစ်ဘေးရှောင် ၈၀၀ ကျော် ရှိတယ်လို့ ဆိုပါတယ်။ ဂေဟာ ဒါရိုက်တာက စစ်ဘေးရှောင်တွေကို ရေ၊ လျှပ်စစ်၊ အင်တာနက်၊ ဆေးဝါးနဲ့ အခြေခံလိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနေတယ်လို့ ပြောပါတယ်။

တနင်္ဂနွေနေ့က ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲမဖြစ်ပွားခင် ၁ နာခွဲ အလိုကတည်းက အရေးပေါ်ရွှေ့ပြောင်းရေး အမိန့် ရရှိခဲ့ပြီး ဒေသခံတွေကို အလျှင်အမြန် ရွှေ့ပြောင်းခဲ့ရတယ်လို့ တာဝန်ရှိသူတွေက ဆိုပါတယ်။

ထိုင်းနဲ့ ကမ္ဘောဒီးယား နယ်စပ်တိုက်ပွဲတွေကြောင့် ကျောင်းပေါင်း ၈၀၀ ကျော် ပိတ်ထားရပြီး ဆေးရုံတွေလည်း ပိတ်ထားရတယ်လို့ ထိုင်းမီဒီယာတွေက ဖော်ပြပါတယ်။

ကမ္ဘောဒီးယား စစ်ဘေးရှောင်တွေကလည်း တိုက်ပွဲတွေကြောင့် စားနပ်ရိက္ခာ ပြတ်လပ်မှာကို စိုးရိမ်နေတယ်လို့ ရိုက်တာက ဖော်ပြပါတယ်။

၂ နိုင်ငံစလုံးကတော့ ရန်စတိုက်ခိုက်မှုကြောင့် ပြန်တိုက်ခိုက်တာလို့ အပြန်အလှန် စွပ်စွဲထားကြပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013