DVB Logo
Home
မြန်မာသတင်း
ကျားဖြန့်မှ ပြေးလာသည့် တရုတ်နိုင်ငံသားများကို စစ်ကောင်စီကဖမ်းဆီးငွေညှစ်နေ 
DVB
·
December 11, 2025
ကျားဖြန့်မှ ပြေးလာသည့် တရုတ်နိုင်ငံသားများကို စစ်ကောင်စီကဖမ်းဆီးငွေညှစ်နေ 
Donate to DVB

ကရင်ပြည်နယ်၊ မြဝတီမြို့ပေါ်ကို အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းကနေ ထွက်ပြေးတိမ်းရှောင်လာတဲ့ တရုတ်နိုင်ငံသားတွေကို စစ်ကောင်စီက ဖမ်းဆီး ငွေညှစ်နေတယ်လို့ တရုတ်နိုင်ငံသားနဲ့နီးစပ်သူတွေဆီက သိရပါတယ်။

တရုတ်နိုင်ငံသားမှန်သမျှ passport Visa ရှိရှိ မရှိရှိ တွေ့တာနဲ့ အကုန်ဖမ်းပြီး ငွေညှစ်တာတွေ လုပ်နေပြီး တချို့တရုတ်လူမျိုးတွေဆိုရင် passport visa မရှိတာတောင် ရန်ကုန်နဲ့ မန္တလေးဘက်ကို သူတို့အဖွဲ့စည်းကားတွေနဲ့ လူတယောက်ကို ဘတ်ငွေ  ၁ သိန်းယူ ပို့ပေးနေတာလို့ ဆိုပါတယ်။

တရုတ်စကားပြန်လုပ်နေတဲ့ အမျိုးသမီးတယောက်က "အတော်လေးဆိုးနေပြီ၊ စစ်တပ်တခုတည်းမဟုတ်ဘူး၊ တခြားလက်နတ်ကိုင်တွေလည်း ပါတယ်။ တရုတ်တွေ့ရင် အသည်းအမဲလိုက်ဖမ်းနေတာ။ ပြီးတော့ မတန်တဆတွေ တောင်းတာ၊ ထိုင်းဘတ်ငွေ အနည်းဆုံး ၅ သောင်းဘတ် ပေးရတယ်၊ မပေးနိုင်ရင် တခါတည်း ခေါ်သွားတယ်၊ ဘယ်ခေါ်သွားလဲတော့မသိဘူး။ ကျမစကားပြန်လုပ်ပေးနေတဲ့ တရုတ်သူဌေးကတော့ သူတို့တောင်းတာပေးလို့ ပြန်လွှတ်ပေးတယ်” လို့ ပြောပါတယ်။

ကျားဖြန့်ဆိုက်တခုက စပြေးခဲ့တဲ့အချိန်မှာဆိုရင် ကျန်ခဲ့တဲ့ပစ္စည်းတွေနဲ့ မြန်မာအလုပ်သမားတွေရဲ့ပစ္စည်းတွေပါ စစ်သားတွေက သူတို့ကားပေါ်တင်ယူသွားပြီး ခုဆို မြဝတီမြို့ပေါ်မှာ ပြန်ရောင်းစားနေကြတယ်လို့ ဆိုပါတယ်။

ကရင်ပြည်နယ်ထဲက ကျားဖြန့် ငွေလိမ်ဂိုဏ်တွေကို စစ်ကောင်စီတပ်နဲ့ BGF တပ်ဖွဲ့တွေ ဝင်ရောက်စီးနင်းတာတွေလုပ်နေသလို မြဝတီမြို့ပေါ်မှာတော့ အဲဒီကျားဖြန့်ဆိုက်တွေက ထွက်ပြေးလာကြတဲ့ တရုတ်လူမျိုးတွေကို စစ်ကောင်စီနဲ့ BGF တပ်ဖွဲ့တွေကပဲ လူကုန်ကူးသလို လုပ်စားနေကြတယ်လို့ မြဝတီမြို့နေထိုင်သူတွေဆီက သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013