DVB Logo
Home
မြန်မာသတင်း
မြန်မာကျားဖြန့်ကို နည်းပညာအသုံးပြု နှိမ်နင်းခဲ့ဟု တရုတ်ကမှတ်တမ်းရုပ်ရှင်ပြ
DVB
·
October 10, 2026
Photo: CCTV/Reuters
Photo: CCTV/Reuters
Donate to DVB

မြန်မာနိုင်ငံမြောက်ပိုင်းက နယ်စပ်ဖြတ်ကျော် အွန်လိုင်းလိမ်လည်ဂိုဏ်း (ကျားဖြန့်) တွေကို တရုတ်နိုင်ငံက နှိမ်နင်းခဲ့တဲ့အကြောင်း ရိုက်ကူးထားတဲ့ မှတ်တမ်းရုပ်ရှင်သစ်ကို တနင်္လာနေ့က တရုတ်နိုင်ငံပိုင် မီဒီယာ CCTV ကနေ တနိုင်ငံလုံးကို ထုတ်လွှင့်သွားပြီး ဒီနှိမ်နင်းရေးမှာ နည်းပညာသုံး တုံ့ပြန်နှိမ်နင်းမှုတွေက အဓိက အရေးပါခဲ့တာကိုလည်း ဖော်ပြထားပါတယ်။

"မြန်မာနိုင်ငံမြောက်ပိုင်း ဆက်သွယ်ရေးလိမ်လည်မှုများ၏ နိဂုံး" လို့ အမည်ပေးထားတဲ့ အပိုင်း (၃) ပိုင်းပါ ဒီမှတ်တမ်းရုပ်ရှင်ကို တရုတ်ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနနဲ့ တရုတ်ဗဟိုရုပ်မြင်သံကြား (CMG) တို့ ပူးပေါင်းရိုက်ကူးခဲ့တာပါ။ 

ရုပ်ရှင်ထဲမှာ တရုတ်နိုင်ငံသားတွေကို အဓိက ပစ်မှတ်ထား လိမ်လည်ခဲ့ကြတဲ့ မြန်မာမြောက်ပိုင်းက ကျားဖြန့်စခန်းတွေထဲမှာ ခံစားခဲ့ရတဲ့ ရက်စက်ကြမ်းကြုတ်တဲ့ အခြေအနေတွေကို ဖော်ထုတ်ပြသထားပါတယ်။

ဒါ့အပြင် လိမ်လည်သူတွေကို လူတွေပိုယုံအောင်လို့ တရုတ်နိုင်ငံရဲ့ ဆက်သွယ်ရေးလိုင်းတွေကို ခိုးယူ သုံးစွဲခဲ့ကြတဲ့ လျှို့ဝှက်နည်းလမ်းတွေကိုပါ ဖော်ထုတ်ထားပါတယ်။

စက်မှုနဲ့ သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာန၊ ဆိုက်ဘာလုံခြုံရေး ကြီးကြပ်ကွပ်ကဲရေးဗျူရိုက ဒုတိယအဆင့် စစ်ဆေးရေးမှူး ကျန်းကျင်းက  "ဥပမာပြောရရင် သူတို့ဟာ ကြိုးမဲ့ တာဝါတိုင်တိုတွေ၊ ကေဘယ်ကြိုးတွေနဲ့ ဖိုင်ဘာအလင်းမျှင်ကြိုးတွေကို တရုတ်ဘက်ကနေ မြန်မာနိုင်ငံ မူဆယ်မြို့ထဲအထိ လျှို့ဝှက်သွယ်တန်းပြီး အဝေးထိန်း စနစ်နဲ့ သုံးခဲ့ကြတာပါ။ ဒါကြောင့် တရုတ်နိုင်ငံထဲက သုံးစွဲသူအဖြစ် ဟန်ဆောင်ပြီး လိမ်လည်နိုင်ခဲ့တာဖြစ်ပါတယ်" လို့ ပြောပါတယ်။

ဒီမှတ်တမ်းရုပ်ရှင်အရ စက်မှုနဲ့ သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာနက ကျွမ်းကျင်သူအဖွဲ့တွေဟာ ပြည်သူ့လုံခြုံရေး အာဏာပိုင်တွေနဲ့ ပူးပေါင်းပြီး အဓိက သံသယရှိတဲ့နေရာတွေမှာ တရားမဝင် စက်ပစ္စည်းတွေကို အပြတ်အသတ် လိုက်လံရှင်းလင်း စစ်ဆေးခဲ့ကြပါတယ်။

၃ လအတွင်းမှာတင် လိမ်လည်မှုနဲ့ ဆက်စပ်နေတဲ့ ဖုန်းနံပါတ် ၇၅,၀၀၀ နဲ့ အင်တာနက်အကောင့် ၄,၀၀၀ ကျော်ကို ပိတ်ပစ်ခဲ့သလို၊ ကြိုးမဲ့ တာဝါတိုင်တို ၁၀၀ နီးပါးကိုလည်း ရှင်းလင်းဖယ်ရှားနိုင်ခဲ့တာကြောင့် လိမ်လည်သူတွေနဲ့ တရုတ်နိုင်ငံတွင်းက သုံးစွဲသူတွေကြား ဆက်သွယ်ရေးလမ်းကြောင်းတွေကို ထိရောက်စွာ ဖြတ်တောက်နိုင်ခဲ့ပါတယ်။ 

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013