DVB Logo
Home
မြန်မာသတင်း
NUG ဝန်ကြီးချုပ်ရုံး အရှုပ်တော်ပုံဖြေရှင်းရန် CDM နိုင်ငံ့ဝန်ထမ်းအဖွဲ့များ တိုက်တွန်း
DVB
·
December 11, 2025
NUG ဝန်ကြီးချုပ်ရုံး အရှုပ်တော်ပုံဖြေရှင်းရန် CDM နိုင်ငံ့ဝန်ထမ်းအဖွဲ့များ တိုက်တွန်း
Donate to DVB

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဝန်ကြီးချုပ်ရုံးတွင်းက အရှုပ်တော်ပုံကို ဖြေရှင်းဖို့အတွက် ပြည်နယ် ၄ ခုရှိ CDM နိုင်ငံ့ဝန်ထမ်းအဖွဲ့အစည်းတွေက ဒီဇင်ဘာ ၁၁ ရက်မှာ တိုက်တွန်းလိုက်ပါတယ်။

NUG ဝန်ကြီးချုပ်ရုံးတွင်းက ငွေကြေးအရှုပ်တွေ၊ ရုံးတွင်းဖိနှိပ်မှုတွေနဲ့ အာဏာအလွဲသုံးစားမှုတွေကို တိုင်ကြားခဲ့တဲ့ ဝန်ကြီးချုပ်ရုံး ဝန်ထမ်းဟောင်း ၁၂ ယောက်မှာ CDM နိုင်ငံ့ဝန်ထမ်း ၅ ယောက်၊ နိုင်ငံရေးအကျဉ်းသားဟောင်း ၁ ယောက်၊ NLD ပါတီဝင် ၂ ယောက်၊ နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ၄ ယောက် ပါဝင်ခဲ့ပါတယ်။

တိုင်ကြားခံရသူ အမြဲတမ်းအတွင်းဝန် မကြည်ပြာနဲ့ ခင်ပွန်းတို့က သူတို့ကို တိုင်ကြားသူတွေအား ပြန်လည်တိုင်ကြားခဲ့ပြီး နစ်နာသူတွေ ဖွင့်လှစ်ထားတဲ့ Facebook Page ဆက်လက် အသုံးမပြုဖို့ တားမြစ်ခံခဲ့ရပါတယ်။

CDM ဝန်ထမ်းတွေဟာ ရာထူး၊ လစာနဲ့ ဘဝအာမခံချက်တွေကို စွန့်လွှတ်ကာ ပြည်သူ့အစိုးရနဲ့အတူ ရပ်တည်ခဲ့ကြပြီး တော်လှန်ရေးအစိုးရအနေနဲ့ CDM ဝန်ထမ်းတွေကို ကာကွယ်စောင့်ရှောက်ဖို့ အပြည့်အဝ တာဝန်ရှိပါတယ်။

အခုလို အာဏာလက်ဝယ် ပိုင်ဆိုင်ထားသူတွေအကြား အချင်းချင်း အပြန်အလှန် အကာအကွယ်ပေးတာ၊ မလျော်ဩဇာသုံးပြီး နစ်နာသူတွေအပေါ် ဖိနှိပ်တာနဲ့ ပြည်သူနဲ့ အဆက်အသွယ် ဖြတ်တောက်တာတွေ ဆောင်ရွက်လာတဲ့အတွက် ဒေသအခြေပြု CDM နိုင်ငံ့ဝန်ထမ်းအဖွဲ့အစည်းတွေအနေနဲ့ ဒီအမှုနဲ့ ပတ်သက်နေတဲ့ CDM ဝန်ထမ်းတွေအတွက် အထူးစိုးရိမ်တယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

CDM ဝန်ထမ်းတွေဟာ အာဏာရှင်ကို တော်လှန်ပုန်ကန်လာခဲ့ကြသူတွေဖြစ်တဲ့အတွက် ထပ်မံကြုံတွေ့လာနိုင်တဲ့ ဘယ်လိုအာဏာရှင်မျိုးကိုဖြစ်စေ၊ မတရားမှုကိုဖြစ်စေ ခေါင်းငုံ့လက်ခံသွားမှာ မဟုတ်ဘဲ ရရာနည်းလမ်းနဲ့ တော်လှန်ပုန်ကန်သွားမယ်လို့ ကချင်ပြည်နယ် CDM နိုင်ငံ့ဝန်ထမ်းများကောင်စီ (KSCCSC)၊ ကရင်နီပြည် နိုင်ငံ့ဝန်ထမ်း CDM ကော်မတီ (KCDM)၊ စစ်ကိုင်းဖက်ဒရယ်ယူနစ် CDM နိုင်ငံ့ဝန်ထမ်းများကောင်စီ (CCSC-SFU)၊ မွန်ပြည်နယ် CDM နိုင်ငံ့ဝန်ထမ်းများကောင်စီ (CCSC-MON) တို့ရဲ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

သီရိ

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013