DVB Logo
Home
မြန်မာသတင်း
မြိုင်မြို့နယ် တိုက်ပွဲအတွင်း PDF ၁ ဦး ကျဆုံးပြီး တပ်စခန်း ၁ ခု မီးရှို့ဖျက်ဆီးခံရ
DVB
·
December 11, 2025
မြိုင်မြို့နယ် တိုက်ပွဲအတွင်း PDF ၁ ဦး ကျဆုံးပြီး တပ်စခန်း ၁ ခု မီးရှို့ဖျက်ဆီးခံရ
Donate to DVB

မကွေးတိုင်း၊ မြိုင်မြို့နယ်ထဲမှာ ဒီဇင်ဘာ ၈ ရက် မနက်ပိုင်းက စစ်ကောင်စီစစ်ကြောင်းနဲ့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး တိုက်ပွဲအတွင်း ပြည်သူ့ကာကွယ်ရေးတပ် (PDF) တပ်ဖွဲ့ဝင်တယောက် ကျဆုံးခဲ့သလို PDF တပ်စခန်းတခုလည်း မီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့ ​ဒေသခံ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေဆီကနေ သိရပါတယ်။

ဒေသတော်လှန်ရေးတပ်ဖွဲ့တခုရဲ့ တာဝန်ခံက “စစ်တပ်စစ်ကြောင်းက မြိုင်နယ်၊ ကင်းရွာနားမှာ အခြေစိုက်တဲ့ Burma Revolution Rangers (BRR) စခန်းကို မီးရှို့ခဲ့တာပါ။ စခန်းမီးရှို့မခံရခင် အရင်ရက်မှာ တိုက်ပွဲတွေဖြစ်ကြတုန်းကလည်း မဟာမိတ်ဘက်က ရဲဘော်တယောက် တိုက်ပွဲအတွင်း ကျဆုံးခဲ့သေးတယ်” လို့ ပြောပါတယ်။

အဆိုပါ စစ်ကောင်စီစစ်ကြောင်းဟာ ပခုက္ကူမြို့ အနောက်​ဘက်ခြမ်းမှာရှိတဲ့ ဘုန်းကံကျေးရွာမှာ အထိုင်ချနေပြီး ဒီဇင်ဘာ ၈ ရက် မနက်ပိုင်းမှာ အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးလာခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။

Burma Revolution Rangers (BRR) ရဲ့ တာဝန်ရှိသူတယောက်က “စကစဘက်က အင်အား ၂၀၀ ကျော် ၃၀၀ လောက် ပါလာတယ်။ ကျနော်တို့စခန်း မရောက်ခင်မှာ မဟာမိတ်တပ်ဖွဲ့တွေနဲ့ ပေါင်းပြီး ကာပစ်ရင်းနဲ့ တိုက်ပွဲတွေ ဖြစ်ခဲ့ကြသေးတယ်။ မဟာမိတ်ထဲက ရဲဘော်တယောက်က အဲဒီမှာ ကျခဲ့တာ။ သူတို့ဘက်က လက်နက်အင်အား၊ လူအင်အား အလုံးအရင်းနဲ့ဆိုတော့ ကျနော်တို့ဘက်မှာက အင်အားမမျှတာနဲ့ ကျည်မလုံလောက်တာတွေကြောင့် စခန်းကနေ ဆုတ်ခွာခဲ့ရတယ်။ ဆုံးရှုံးမှုတွေကတော့ များပါတယ်။ ဒါပေမဲ့ စစ်ကြောင်းရှိနေသေးတော့ အသေးစိတ်တော့ မတွက်ချက်ရသေးပါဘူးဗျာ” လို့ DVB ကို ပြောပါတယ်။

မီးရှို့ဖျက်ဆီးခံလိုက်ရတဲ့အထဲမှာ Burma Revolution Rangers (BRR) တပ်ဖွဲ့ပိုင် မိုင်းပြုလုပ်တဲ့ ဆက်စပ်ပစ္စည်းတွေ၊ ခဲယမ်းတွေနဲ့ စစ်ဆင်ရေးသုံး ကား၊ ဆိုင်ကယ်တွေ ဆုံးရှုံးခဲ့ပါတယ်။

အဆိုပါ စစ်ကောင်စီစစ်ကြောင်းဟာ Burma Revolution Rangers (BRR) စခန်းအနီးမှာရှိတဲ့ ကျဆုံးသူ တော်လှန်ရေးရဲဘော်တွေရဲ့ ဂူဗိမာန် ၂ ခုကိုပါ ဖျက်ဆီးခဲ့သေးတယ်လို့လည်း ဆိုပါတယ်။

စစ်ကောင်စီစစ်ကြောင်းဟာ ဒီဇင်ဘာ ၁၀ ရက်အထိ မြိုင်မြို့နယ်တောင်ပိုင်းမှာရှိတဲ့ တောင်ကျေးရွာ ဘုန်းကြီးကျောင်းမှာ အထိုင်ချနေတာ​ကြောင့် စစ်ရေးအခြေအနေ တင်းမာနေတယ်လို့လည်း တော်လှန်ရေးတပ်ဖွဲ့ဝင်တွေဆီကနေ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013