DVB Logo
Home
မြန်မာသတင်း
မော်လမြိုင် ခေါင်းဆေးကျွန်းက နှစ် ၁၀၀ ကျော်သက်တမ်းရှိ ဘုန်းကြီးကျောင်း မီးလောင်
DVB
·
December 11, 2025
မော်လမြိုင် ခေါင်းဆေးကျွန်းက နှစ် ၁၀၀ ကျော်သက်တမ်းရှိ ဘုန်းကြီးကျောင်း မီးလောင်
1 / 6
Donate to DVB

မွန်ပြည်နယ်၊ သံလွင်တံတား(မော်လမြိုင်)အနီး သမိုင်းဝင် ခေါင်းဆေးကျွန်းပေါ်က နှစ်ပေါင်း ၁၀၀ ကျော် သက်တမ်းရှိ ဘုန်းကြီးကျောင်းတကျောင်း ဒီဇင်ဘာ ၁၀ ရက် မနက် ၈ နာရီဝန်းကျင်က မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း မြို့ခံတွေထံက သိရပါတယ်။

ခေါင်းဆေးကျွန်းပေါ်ရှိ ဘုန်းကြီးကျောင်း မီးလောင်တာနဲ့ပတ်သက်ပြီး စိတ်မကောင်း ဖြစ်ရကြောင်းနဲ့ ဘဝမှာ ပထမအကြိမ် မြင်ဖူးကြောင်း မြို့ခံတယောက်က DVB ကို ပြောပါတယ်။

“မီးလောင်တဲ့အချိန် လေငြိမ်နေလို့ တော်သေးတယ်။ မနေ့ကလို လေ​တိုက်ကြမ်းရင် တကျွန်းလုံး ကုန်တာပေါ့။ ဒီကျောင်းကလည်း လွန်ခဲ့တဲ့ ၁၈၂၆ ခုနှစ်လောက်တည်းက ဘိုးတော်ဘုရား လက်ထက်မှာ မွန်လူမျိုး စစ်ကဲမောင်ထော်လေး ဆောက်လုပ်လှူဒါန်းခဲ့တဲ့ ကျောင်းကြီးဆိုတော့ နှမြောစရာပေါ့။”

သံလွင်တံတား(မော်လမြိုင်)အနီးရှိ သမိုင်းဝင် ခေါင်းဆေးကျွန်းပေါ်က နှစ်ပေါင်း ၁၀၀ ကျော် သက်တမ်းရှိ ဘုန်းကြီးကျောင်းမှာ ဒီဇင်ဘာ ၁၀ ရက် မနက်ပိုင်းက ဆွမ်းချက်ရုံကတဆင့် မီးကူးစက်လောင်ကျွမ်းရာက ဘုန်းကြီးကျောင်း ပင်မကျောင်းဆောင် မီးလောင်ပျက်စီးခဲ့ရကြောင်းနဲ့ ရဟန်းသံဃာတွေ အပါအဝင် လူထိခိုက်သေဆုံးတာ မရှိကြောင်း မြို့ခံ လူမှုကယ်ဆယ်ရေးအဖွဲ့တွေဆီက သိရပါတယ်။

မီးသွားရောက်ငြှိမ်းသတ်ခဲ့တဲ့ မြို့ခံလူမှုကယ်ဆယ်ရေးအဖွဲ့ဝင်တယောက်က “ဒီမနက် ၇ နာရီ မိနစ် ၅၀ လောက်က စပြီးလောင်တာပါ။ ကျနော်တို့အဖွဲ့တွေ စက်လှေတွေနဲ့ကူးပြီး သွားငြှိမ်းခဲ့ရတယ်။ မနက် ၈ နာရီ ၂၁ လောက်မှာ မီးထိန်းနိုင်ခဲ့ပြီး ၈ ခွဲအချိန်မှာ လုံးဝ မီးငြိမ်းခဲ့ပါတယ်။ ဆုံးရှုံးမှုတန်ဖိုးကတော့ မီးသတ်တပ်ဖွဲ့ကပဲ ထုတ်ပြန်ပါလိမ့်မယ်” လို့ ပြောပါတယ်။

မွန်ပြည်နယ်၊ သံလွင်မြစ်အတွင်းရှိ ခေါင်းဆေးကျွန်းဟာ မြစ်ရေ ဘယ်လောက်တက်တက် ရေကြီးနစ်မြုပ်တာမျိုး မရှိခဲ့တာကြောင့် မွန်ပြည်နယ်ရဲ့ အထင်ကရကျွန်းတကျွန်းအဖြစ် သတ်မှတ်ခံထားရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013