DVB Logo
Home
နိုင်ငံတကာ
အိန္ဒိယတွင် ဒေါ်လာ ၃၅ ဘီလီယံကျော် ရင်းနှီးမြှုပ်နှံရန် Amazon စီစဉ်
DVB
·
December 11, 2025
အိန္ဒိယတွင် ဒေါ်လာ ၃၅ ဘီလီယံကျော် ရင်းနှီးမြှုပ်နှံရန် Amazon စီစဉ်
Donate to DVB

အမေရိကန် e-commerce လုပ်ငန်းကြီးဖြစ်တဲ့ Amazon ဟာ အိန္ဒိယ AI လုပ်ငန်းမှာ ဒေါ်လာ ၃၅ ဘီလီယံကျော် ရင်းနှီးမြှုပ်နှံဖို့ စီစဉ်နေပါတယ်။

Amazon ဟာ ပြည်ပပို့ကုန်တိုးမြှင့်ဖို့နဲ့ AI လုပ်ငန်းမှာ တိုးချဲ့ဖို့ ရည်ရွယ်ထားတာ ဖြစ်ပါတယ်။ အာရှတိုက်ရဲ့ စီးပွားရေးအကောင်းဆုံး တတိယနိုင်ငံဖြစ်တဲ့ အိန္ဒိယနိုင်ငံမှာ ရင်းနှီးမြှုပ်နှံဖို့ Amazon က ဒီဇင်ဘာ ၁၀ ရက်မှာထုတ်ဖော်ပြောခဲ့တာပါ။

ဒီနှစ်အတွင်း အမေရိကန်နည်းပညာလုပ်ငန်းတွေက အိန္ဒိယနိုင်ငံမှာ ဒေါ်လာ ဘီလီယံချီပြီး ရင်းနှီးမြှုပ်နှံမှုတွေ ပြုလုပ်နေချိန်မှာ cloud၊ AI နဲ့ နည်းပညာဖွံ့ဖြိုးတိုးတက်ဖို့ အရေးပါတဲ့ လုပ်ငန်းတွေမှာ ရင်းနှီးမြှုပ်နှံမှုတွေ တိုးလာတာပဲ ဖြစ်ပါတယ်။

Microsoft ကုမ္ပဏီက ၂၀၃၀ ပြည့်နှစ်မှာ AI၊ Cloud နည်းပညာတို့မှာ ဒေါ်လာ ၁၇ ဘီလီယံ ရင်းနှီးမြှုပ်နှံဖို့ ကတိပြုထားတာက အာရှတိုက်မှာ သူတို့အတွက် အကြီးမားဆုံး ရင်းနှီးမြှုပ်နှံမှု ဖြစ်ပါတယ်။

Google က လာမဲ့ ၅ နှစ်အတွင်း AI data Center တွေအတွက် ဒေါ်လာ ၁၅ ဘီလီယံ ရင်းနှီးမြှုပ်နှံမှု ပြုလုပ်မှာ ဖြစ်ပါတယ်။

Amazon က အိန္ဒိယနိုင်ငံရဲ့ အမျိုးသားဦးစားပေးလုပ်ငန်းတွေဖြစ်တဲ့ AI စွမ်းဆောင်နိုင်စွမ်းတွေနဲ့ ထောက်ပံ့ရေးနဲ့ ပို့ဆောင်ရေး အခြေခံအဆောက်အအုံတွေ တိုးချဲ့ဖို့၊ အသေးစား စီးပွားရေးလုပ်ငန်းတွေ ဖွံ့ဖြိုးဖို့နဲ့ အလုပ်အကိုင်တွေ ဖန်တီးပေးဖို့ ရင်းနှီးမြှုပ်နှံမှုတွေ ပြုလုပ်မှာ ဖြစ်တယ်လို့ ကုမ္ပဏီရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

Amazon ဟာ ပြိုင်ဘက်တွေဖြစ်တဲ့ Walmart နဲ့ အိန္ဒိယ အချမ်းသာဆုံးသူဌေး ဘီလီယံနာ မူကတ်အမ်ဘာနီရဲ့  လုပ်ငန်းတွေနဲ့ အဓိက ယှဉ်ပြိုင်ရဖွယ် ရှိပါတယ်။

Amazon ဟာ ၂၀၁၀ ပြည့်နှစ်ကတည်းက အိန္ဒိယနိုင်ငံမှာ ဒေါ်လာ ၄၀ ဘီလီယံ ရင်းနှီးမြှုပ်နှံထားပြီး ၂၀၂၃ ခုနှစ်မှာ ဒေါ်လာ ၂၆ ဘီလီယံ ရင်းနှီးမယ်လို့ ကြေညာခဲ့ဖူးပါတယ်။

၂၀၃၀ ခုနှစ်မှာ အိန္ဒိယနိုင်ငံကို အလုပ်အကိုင်အခွင့်အလမ်း ၁ သန်း ဖန်တီးပေးဖို့လည်း စီစဉ်ထားတယ်လို့ Amazon က ပြောပါတယ်။

Amazon ဟာ ပြီးခဲ့တဲ့ ၁၀ နှစ်က အိန္ဒိယနိုင်ငံမှာ ဒေါ်လာ ဘီလီယံ ၂၀ ဖိုးရှိ ကုန်တင်ပို့မှုတွေ လုပ်ဆောင်ခဲ့ပြီး ၂၀၃၀ ခုနှစ်မှာ ဒေါ်လာ ဘီလီယံ ၈၀ အထိ တိုးချဲ့ဖို့ စီစဉ်ထားပါတယ်။

အိန္ဒိယနိုင်ငံဟာ ကမ္ဘာ့လူဦးရေ အများဆုံးနိုင်ငံဖြစ်ပြီး Amazon အတွက် အရေးပါတဲ့ ဈေးကွက်တခုလည်း ဖြစ်ပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013