DVB Logo
Home
နိုင်ငံတကာ
AI ရင်းနှီးမြှုပ်မှုအပေါ်စိုးရိမ်မှုများကြောင့် ကမ္ဘာ့နည်းပညာ စတော့ဈေးနှုန်းများ ထိုးကျ
DVB
·
November 6, 2026
Photo: Reuters
Photo: Reuters
Donate to DVB

အမေရိကန် သက်တမ်းဝက် ရွေးကောက်ပွဲနောက်ပိုင်း AI ဉာဏ်ရည်တုကဏ္ဍ ဖွံ့ဖြိုးမှု နှေးလာမှာကို စိုးရိမ်စိတ်တွေ များလာပြီး အမေရိကန်၊ ဥရောပနဲ့ အာရှတို့မှာ ရှယ်ယာဈေး ဒေါ်လာထရီလျံနဲ့ချီပြီး ထိုးကျနေပါတယ်။

သက်တမ်းလယ် ရွေးကောက်ပွဲမှာ ဒီမိုကရက်တစ် အနိုင်ရပြီးနောက်ပိုင်း AI ရင်းနှီးမြှုပ်နှံမှုအပေါ် စိုးရိမ်မှုတွေ များလာပြီး ကမ္ဘာတဝန်းက နည်းပညာကဏ္ဍ ရင်းနီးမြှုပ်နှံမှု ရှယ်ယာတွေ ထိုးကျနေတာပါ။

နည်းပညာပိုင်းဆိုင်ရာ အရေးပါတဲ့ နက်စ်ဒက်ရဲ့ ညွှန်းကိန်းဟာ နိုဝင်ဘာ ၅ ရက်မှာ ၅ ဒသမ ၅ ရာခိုင်နှုန်းကျော် ကျဆင်းမှုနဲ့ ပိတ်သိမ်းခဲ့ရပါတယ်။ ဈေးကွက်တန်ဖိုး ၂ ဒသမ ၅ ထရီလျံ ဆုံးရှုံးခဲ့တယ်လို့ ဒေါဂျုံးစာရင်းတွေက ဖော်ပြပါတယ်။

အမေရိကန်ရဲ့ အဓိက ရှယ်ယာညွှန်းကိန်းတွေဟာ ၂၀၂၅ ခုနှစ်နောက်ပိုင်း အဆိုးဆုံး ကြီးမားတဲ့ ဆုံးရှုံးတဲ့နေ့ ဖြစ်လာတယ်လို့လည်း ဆိုပါတယ်။

ဂျပန်မှာ နီကေးကလည်း ၆ ဒသမ ၃ ရာခိုင်နှုန်းအထိ ရှုံးနိမ့်မှုတွေရှိခဲ့ကာ ချစ်ပ်ပြားထုတ်လုပ်တဲ့ ကီအောက်ဆီရာက ၁၁ ဒသမ ၅ ရာခိုင်နှုန်းနီးပါး ဆုံးရှုံးကာ တိုကျိုလျှပ်စစ်က ၅ ဒသမ ၈ ရာခိုင်နှုန်း လျော့ကျခဲ့တယ်လို့ သိရပါတယ်။

တောင်ကိုရီးယား ချစ်ပ်ပြားထုတ်လုပ်တဲ့ SK ဟိုင်နစ်ရဲ့ ရှယ်ယာဈေးတွေလည်း ၈ ဒသမ ၈ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး ဆမ်ဆောင်းက ၆ ရာခိုင်နှုန်း ကျဆင်းခဲ့ပါတယ်။

တောင်ကိုရီးယားရှိ ကော်ပီ ဈေးကွက်ညွှန်းကိန်းကလည်း ဒီမနက်မှာ ၈ ရာခိုင်နှုန်းကျော် ပြုတ်ကျခဲ့ပါတယ်။

ထိုင်ဝမ်ရှိ စတော့ဈေးကွက်ကလည်း ၂၀၀၁ ခုနှစ်ကတည်းက အကြီးမားဆုံး ကျဆင်းမှု ဖြစ်ခဲ့တယ်လို့ LSEG အချက်အလက်တွေက ဖော်ပြပါတယ်။

သောကြာနေ့ ထိုင်အက်ဈေးနှုန်းတွေက ၄ ဒသမ ၅ ရာခိုင်နှုန်း ကျဆင်းနေတယ်လို့လည်း ဖော်ပြပါတယ်။

ဒီလို နည်းပညာနဲ့ပတ်သက်တဲ့ လုပ်ငန်းရှယ်ယာတွေ ကျဆင်းတာက AI အခြေခံ အဆောက်အအုံတွေပေါ်မှာ ငွေကြေးသုံးစွဲမှုအပေါ် စိုးရိမ်မှုကြောင့် ဖြစ်တယ်လို့ ချစ်ပ်ပြားဈေးကွက် သုံးသပ်သူ ဘရစ်နေနုယန်က ပြောပါတယ်။

ကြာသပတေးနေ့က ဥရောပရှယ်ယာဈေးနှုန်းတွေမှာလည်း ချစ်ပ်ပြားထုတ်လုပ်တဲ့ အင်ဖီနီယွန်ဟာ ရှယ်ယာ ၈ ဒသမ ၅ ရာခိုင်နှုန်း ကျဆင်းခဲ့သလို နည်းပညာပစ္စည်းတွေ ဖြန့်ချိတဲ့ ASML ကလည်း ၆ ဒသမ ၅ ရာခိုင်နှုန်း ကျဆင်းတယ်လို့ ဖော်ပြပါတယ်။

Nvidia ရဲ့ ရှယ်ယာတန်ဖိုး ၉ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး နယူးယောက်ကုန်သွယ်မှုမှာ ဒေါ်လာ ၄၀၀ ဘီလျံအောက် လျော့ကျခဲ့ပါတယ်။

တခြား ချစ်ပ်ပြားထုတ်တဲ့ AMD နဲ့ Micron တို့ကလည်း ၁၇ ရာခိုင်နှုန်းကျော်ဆီ ကျဆင်းခဲ့ကာ Itel က ၁၀ ဒသမ ၃ ရာခိုင်နှုန်း ကျဆင်းခဲ့ပါတယ်။

မန်မိုရီကတ်တွေ ထုတ်တဲ့ Sandisk ရဲ့ ရှယ်ယာ ၂၂ ရာခိုင်နှုန်း ကျဆင်းခဲ့ပါတယ်။ အီလွန်မတ်စ်ခ်ရဲ့ SpaceX နဲ့ Tesla တို့ဟာ ၈ ရာခိုင်နှုန်းနဲ့ ၁၁ ရာခိုင်နှုန်း အသီးသီး လျော့ကျခဲ့ကာ ဈေးကွက်တန်ဖိုး ဒေါ်လာ ၃၀၀ ဘီလျံအောက်လုပ်ငန်း ဖြစ်လာပါတယ်။

Apple, Nvidia, Tesla တို့ အပါအဝင် ထိပ်တန်း နည်းပညာကုမ္ပဏီကြီး ၇ ခုရဲ့ ရှယ်ယာဈေးတွေ တရက်တည်း ၁ ထရီလျံကျော် ကျဆင်းခဲ့တာ ဖြစ်ပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013