DVB Logo
Home
နိုင်ငံတကာ
NATO၊ EU ခေါင်းဆောင်များနှင့် ယူကရိန်းသမ္မတ တွေ့ဆုံ
DVB
·
December 11, 2025
NATO၊ EU ခေါင်းဆောင်များနှင့် ယူကရိန်းသမ္မတ တွေ့ဆုံ
Donate to DVB

ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီးဟာ ဒီဇင်ဘာ ၈ ရက်မှာ မြောက်အတ္တလန္တိတ် စစ်ရေးမဟာမိတ်အဖွဲ့ (NATO) နဲ့ ဥရောပသမဂ္ဂ (EU) တို့ရဲ့ ဌာနချုပ်တွေ တည်ရှိရာ ဘယ်လ်ဂျီယံနိုင်ငံရဲ့ မြို့တော် ဘရပ်ဆဲလ်မှာ NATO အတွင်းရေးမှူးချုပ် မာ့ခ်ရူတေ၊ EU ရဲ့ ဥရောပကော်မရှင်ဥက္ကဋ္ဌ အာဆူလာ ဗွန်ဒါလေယန်နဲ့ ဥရောကောင်စီဥက္ကဋ္ဌ အန်တိုနီယို ကော့စ်တာတို့နဲ့ တွေ့ဆုံခဲ့ပါတယ်။

ရုရှားနဲ့ စစ်ပွဲကို အဆုံးသတ်ဖို့ ကြိုးပမ်းချက်တွေနဲ့ ပတ်သက်ပြီး ဗြိတိန်၊ ဂျာမနီနဲ့ ပြင်သစ် ခေါင်းဆောင်တွေနဲ့ ဗြိတိန်မြို့တော် လန်ဒန်မှာ ဆွေးနွေးပြီးတဲ့နောက် ခုလိုတွေ့ဆုံခဲ့တာပါ။

ရုရှားနဲ့ အဆိုပြုထားတဲ့ ငြိမ်းချမ်းရေးသဘောတူညီချက်ကို သဘောတူဖို့ အမေရိကန်ရဲ့ ဖိအားပေးမှု အောက်မှာ ယူကရိန်းအစိုးရအတွက် “အရေးကြီးတဲ့အချိန်” အဖြစ် ရည်ညွှန်းထားတဲ့ အချိန်အတွင်း ပြင်သစ်၊ ဂျာမနီနဲ့ ဗြိတိန်ခေါင်းဆောင်တွေက လန်ဒန်မှာ ဇလန်းစကီးအတွက် အခိုင်အမာ ထောက်ခံမှုကို ပြသခဲ့ကြပါတယ်။

အမြန်စီစဉ်ထားတဲ့ အစည်းအဝေးမှာ ဗြိတိန်ဝန်ကြီးချုပ် ကီယာစတာမာ၊ ပြင်သစ်သမ္မတ အီမန်နျူယယ် မက်ခွန်း၊ ဂျာမန်ဝန်ကြီးချုပ် ဖရက်ဒရစ်ချ် မားဇ်နဲ့ ဇလန်းစကီးတို့က ငြိမ်းချမ်းရေး သဘောတူညီချက်တရပ် ရခဲ့ရင် ခိုင်မာတဲ့ အစီအစဉ်တွေကို ရေးဆွဲချင်တယ်လို့ ပြောပါတယ်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်ရဲ့ သံတမန် စတိဗ် ဝစ်ကော့ဖ်နဲ့ သားမက် ဂျရဒ် ကူရှ်နာတို့ဟာ ပြီးခဲ့တဲ့အပတ်က ပြင်ဆင်ထားတဲ့ အစီအစဉ်တခုကို ရုရှားအစိုးရဆီ ယူဆောင်လာခဲ့ပါတယ်။

အဲဒီနောက် အမေရိကန်နိုင်ငံ မိုင်ယာမီမြို့မှာ ယူကရိန်းအရာရှိတွေနဲ့ ရက်အတော်ကြာ နောက်ထပ် ဆွေးနွေးခဲ့ပြီး ဒီဇင်ဘာ ၆ ရက်မှာ ဘယ်လိုတိုးတက်မှုမှ မရှိဘဲ ဆွေးနွေးပွဲ ပြီးဆုံးခဲ့ပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013