DVB Logo
Home
ဆောင်းပါး
မြန်မာပြည်သူတွေရဲ့ လူ့အခွင့်ရေးကို အဆိုးဝါးဆုံး ချိုးဖောက်နေတဲ့ စစ်ခေါင်းဆောင်များ
DVB
·
December 10, 2025
မြန်မာပြည်သူတွေရဲ့ လူ့အခွင့်ရေးကို အဆိုးဝါးဆုံး ချိုးဖောက်နေတဲ့ စစ်ခေါင်းဆောင်များ
Donate to DVB

ခေတ်အဆက်ဆက် အာဏာရှင် စစ်ခေါင်းဆောင်းတွေဟာ ကိုယ်ကျိုးစီးပွား၊ အာဏာအတွက် မြန်မာပြည်သူတွေရဲ့ လူ့အခွင့်ရေးတွေကို စနစ်တကျ အကွက်ချပြီး အဆိုးဝါးဆုံး ချိုးဖောက်နေတယ်လို့ လူ့အခွင့်ရေး လှုပ်ရှားသူတွေနဲ့ နိုင်ငံရေးသုတေတီတွေက ပြောပါတယ်။

ဒီဇင်ဘာ ၁၀ ရက် ဒီနေ့ဟာ ကမ္ဘာ့ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်ရေးနေ့ ဖြစ်သော်လည်း မြန်မာ ပြည်သူတွေကတော့ ကမ္ဘာမှာအဆိုးဝါးဆုံးသော နည်းလမ်းပေါင်းစုံနဲ့ လူ့အခွင့်ရေး ချိုးဖောက်ခံနေရသလို လူ့အခွင့်ရေး ရပိုင်ခွင့်အတွက်လည်း ပြည်သူလူထုက အသက်အိုးအိမ်နဲ့ရင်းကာ ပေးဆပ်နေတယ်လို့ ဆိုပါတယ်။

မြန်မာပြည်ရဲ့ လူ့အခွင့်ရေး ချိုးဖောက်ခံနေရတဲ့ အခြေနေဟာ အပြင်းထန်ဆုံး အဆင့်ကို ရောက်ရှိနေပြီလို့ ကချင်လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေးအဖွဲ့ (KHRW) တာဝန်ခံ ကိုဂျက်ကော့က DVB ကို ပြောပါတယ်။

“ကျနော်တို့ မြန်မာပြည်ရဲ့ လူ့အခွင့်ရေးချိုးဖောက်ခံရတဲ့ အခြေနေဟာ အပြင်ထန်းဆုံးအဆင့်ကို ရောက်နေပြီလို့ ပြောလို့ရတယ်။ စစ်ကောင်စီက စနစ်တကျ ပြင်ဆင်ပြီး ပြည်သူလူထုရဲ့ အခွင့်ရေး ချိုးဖောက်နေတာ ရှိတယ်။ ကလေးပါ မကျန် ပြည်သူလူထုကို တိုက်ခိုက် သတ်ဖြတ်နေတာဟာ လူသားမျိုးနွယ်ကို ကျူးလွန်တဲ့ ရာဇဝတ်မှုလည်း ဖြစ်ပါတယ်။ ပြည်သူတွေရဲ့ လွတ်လပ်စွာ ဖုန်း၊ အင်တာနက် အသုံးပြုခွင့်နဲ့ သတင်းအချက်လက် ရပိုင်းခွင့်တွေဟာ လက်ရှိစစ်ကောင်စီ လင်ထင်မှု နေ့စဉ်ဆုံးရှုံးလာနေရတဲ့ အခြေအနေ ဖြစ်ပါတယ်။ ဒီအချက်တွေက စစ်ကောင်စီ အမြဲပြောနေတဲ့ ဒီမိုကရေစီထွန်းကားတဲ့ နိုင်ငံဆိုတာက လက်တွေ့မကျတဲ့ အပြောပဲဖြစ်နေပါတယ်။”

လက်ရှိ စစ်ကောင်စီအပြင် ခေတ်အဆက်ဆက် စစ်အာဏာရှင်တွေက တကိုယ်ရည် ကိုယ်ကျိုးစီးပွားနဲ့ အာဏာအလွဲသုံးစားရေးအတွက် မြန်မာပြည်သူလူထုရဲ့ လူ့အခွင့်ရေးတွေကို စနစ်တကျ နှစ်ရှည် ချိုးဖောက် ဖျက်ဆီးနေတယ်လို့ ကိုဂျက်ကော့က ဆိုပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်ရဲ့ လေကြောင်း၊ လက်နက်ကြီး၊ ဒရုန်း နဲ့ မြေပြင် စစ်ကြောင်းတွေက ပြည်သူတွေရဲ့ ဘေးကင်းလုံခြုံစွာ အသက်ရှင်သန်ပိုင်ခွင့်ကိုပါ ဖျက်ဆီးနေပြီး အခု ဒီဇင်ဘာလ ပထမ တပတ်အတွင်းမှာတင် နိုင်ငံတဝန်းကို လေကြောင်း တိုက်ခိုက်မှု ၄၉ ကြိမ်ရှိခဲ့ကာ အရပ်သား ၅၇ ယောက် သေဆုံးခဲ့ပါတယ်။

စစ်ကောင်စီတပ်က ပြည်သူလူထုရဲ့ လူ့အခွင့်ရေးတွေကို လက်နက်နဲ့ ဖျက်ဆီး ချိုးဖောက်နေသလို စစ်ရာဇဝတ်မှုပါ အဆိုးဝါးဆုံး ကျူးလွန်နေတယ်လို့ လွတ်လပ်တဲ့ သုတေသန အဖွဲ့ဖြစ်တဲ့ ဉာဏ်လင်းသစ်အဖွဲ့ရဲ့ နိုင်ငံရေးနဲ့ သုတေသန အကြံပေး ကိုမိုးထက်နေက DVB ကို ပြောပါတယ်။

“စစ်ပွဲဆိုတာ လက်နက်ကိုင်ထားတဲ့ လူ အချင်းချင်းပဲ ပစ်ကြခတ်ကြ သွေးထွက်သံယိုတွေ ဖြစ်ကြပေါ့ဗျာ။ လက်နက်မကိုင်ထားတဲ့ PDF ရဲ့ မိဘတွေ၊ အမျိုးတွေ။ ဒါမှမဟုတ် PDF ရှိတဲ့ ရွာဆိုတဲ့ဟာမျိုးကို ဘယ်လိုမှ လုပ်လို့မရပါဘူး။ ဒါသည် တဖက်မှာ လူ့အခွင့်‌ရေး ချိုးဖောက်နေရုံသာမက ပိုပြီး အရေးကြီးတဲ့ လက်နက်ကိုင်ထားတဲ့သူတွေ လိုက်နာရမဲ့ စစ်ရေးကျင့်ဝတ်တွေ ဒါတွေကိုပါ အကြီးကျယ် ချိုးဖောက်နေတာ ဖြစ်ပါတယ်။”

စစ်ကောင်စီက နိုင်ငံရေး ထွက်ပေါက်အဖြစ် အသုံးချ ပြုလုပ်မဲ့ ရွေးကောက်ပွဲ နီးကပ်လာတာနဲ့ အမျှ နိုင်ငံတဝန်းကို နေ့စဉ် ဗုံးကြဲတိုက်ခိုက်နေပြီး အထူးသဖြင့် အညာဒေသတွေကို ပိုပြီး ပစ်မှတ်ထား တိုက်ခိုက်နေကာ မကြာခဏ အစုလိုက် အပြုံလိုက် သေဆုံးမှုတွေလည်း ရှိနေပါတယ်။

လက်ရှိ မြန်မာပြည်သူတွေ ကြုံနေရတဲ့ လူ့အခွင့်ရေးချိုးဖောက်ခံရမှုကို လူထုရဲ့ ပါဝင်မှု အားနဲ့သာ တွန်းလှန်နိုင်မယ်လို့ မြန်မာ့လူ့အခွင့်အရေးကွန်ရက် (BHRN) ရဲ့ ညွှန်ကြားရေးမှူး ဦးကျော်ဝင်းက DVB ကို ပြောပါတယ်။

“အခြေနေတွေကို ပြောင်းလဲသွားစေနိုင်တဲ့ အရာက ပြည်သူတွေရဲ့ ပါဝင်မှုပဲ။ ပြည်သူတွေ ဒီလို ပါဝင်တယ်၊ ပေးဆပ်တဲ့ အပေါ်မှာ ယနေ့ ရက်ရက်စက်စက် ပြည်သူတွေရဲ့ ဘဝတွေ အိုးမဲ့အိမ်မဲ့ ဖြစ်ကုန်ပြီး သန်နဲ့ချီပြီး ဒုက္ခသည်တွေ ဖြစ်ကုန်ပြီ ပညာရေးဆိုရင်လည်း အတော်လေးကို နောက်ကျသွားပြီ။ ဒီလိုမျိုး အနေထားမျိုးမှာ ဘယ်နိုင်ငံမှ ကျနော်တို့ကို လာရင်းပေးမှာ မဟုတ်ဘူး ကိုယ်ပဲ ရင်းရမှာပေါ့လေ။ ဒါပေမဲ့ အခုလို အနေထားမျိုးမှာ နိုင်ငံတကာက မြန်မာပြည်မှာ အင်အားဆိုတာ စစ်တပ် တခုတည်း မဟုတ်ဘူး။ အတိုက်ခံ အင်အားစုတွေလည်း အင်အားရှိပါလား ဆိုတဲ့ အမြင်တွေ ရှိလာတယ်။ အဲအပေါ်မှာ ပြောင်းလဲလာတဲ့ နိုင်ငံရေး ဆက်ဆံမှုတွေကိုလည်း တွေ့လာရတယ်။ ဒီဟာတွေကို ကြည့်ခြင်းအားဖြင့် ပြည်သူတွေရဲ့ ပေးဆပ်မှုဟာ အလကား မဖြစ်ဘူးဆိုတာကို သက်သေအနေနဲ့ မြင်ရမှာပါ။"

လက်ရှိ မြန်မာပြည်ရဲ့ နိုင်ငံရေး အခင်းကျင်းကို အပြောင်းလဲ လုပ်နိုင်ဖို့ နိုင်ငံတကာ အကူညီရဖို့ထက် ပြည်သူတွေရဲ့ ကိုယ်တိုင်ပါဝင် အင်အားက ပိုအရေးကြီးပြီး ငါတို့အသံ၊ ငါ့တို့တိုက်ပွဲ၊ ငါတို့အခွင့်ရေး လှုပ်ရှားမှုကို နိုင်ငံတဝန်း ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်နေကြတာ ဖြစ်ပါတယ်။

Photo-CJ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013