DVB Logo
Home
နိုင်ငံတကာ
ဩစတြေးလျတွင် ၁၆ နှစ်အောက် ဆိုရှယ်မီဒီယာသုံးခွင့် ပိတ်ပင်မှု စတင်
DVB
·
December 10, 2025
ဩစတြေးလျတွင် ၁၆ နှစ်အောက် ဆိုရှယ်မီဒီယာသုံးခွင့် ပိတ်ပင်မှု စတင်
Donate to DVB

ဩစတြေးလျမှာ အသက် ၁၆ နှစ်အောက်တွေကို ဆိုရှယ်မီဒီယာ အသုံးပြုခွင့် ဒီဇင်ဘာ ၁၀ ရက် ဒီနေ့ စတင်မှာ ဖြစ်ပါတယ်။

Tiktok၊ Youtube၊ Instagram၊ Facebook တို့ အပါအဝင် ဆိုရှယ်မီဒီယာ ၁၀ ခုကို လက်ရှိအချိန်မှာ ၁၆ နှစ်အောက်တွေ အသုံးပြုခွင့် ပိတ်ပင်ထားပါတယ်။

အဲဒီအထဲမှာ Youtube Kids၊ Google Classroom နဲ့ WhatsApp တော့ မပါဘူးလို့ ဖော်ပြပါတယ်။

ဒီလိုပိတ်ပင်မှုဟာ ကမ္ဘာ့နိုင်ငံတွေအနက် ဩစတြေးလျနိုင်ငံက ပထမဆုံး ပိတ်ပင်ခဲ့တာ ဖြစ်ပါတယ်။

ဥပဒေအသစ်အရ နည်းပညာကုမ္ပဏီတွေလည်း အသက် ၁၆ နှစ်အောက်တွေကို အသုံးပြုခွင့် ပြုတယ်လို့ တွေ့ရှိပါက ဒေါ်လာ ၃၃ သန်း ဒဏ်ငွေပေးဆောင်ရမှာ ဖြစ်ပါတယ်။

ဒါ့ကြောင့် Meta ကုမ္ပဏီကတော့ ဒီဇင်ဘာ ၄ ရက်ကတည်းက အသက် ၁၆ နှစ်အောက်တွေကို ဆိုရှယ်မီဒီယာ အသုံးပြုခွင့် စပြီး ပိတ်ပင်ခဲ့တာ တွေ့ရပါတယ်။

၁၆ နှစ်အောက်တွေကို ဆိုရှယ်မီဒီယာပိတ်ပင်မှုနဲ့ ပတ်သက်ပြီး နည်းပညာကုမ္ပဏီတွေနဲ့ လွတ်လပ်စွာ ပြောဆိုခွင့်အရေး လှုပ်ရှားသူတွေက ဝေဖန်ခဲ့ကြပေမဲ့ ဒီဥပဒေကို မိဘတွေနဲ့ ကလေးတွေအရေး လှုပ်ရှားသူတွေက ကြိုဆိုခဲ့ကြပါတယ်။

ဆိုရှယ်မီဒီယာ အသုံးပြုမှုဟာ ငယ်ရွယ်သူတွေအတွက် Screen ပေါ်မှာ အချိန်ဖြုန်းမှု ပိုများစေပြီး သူတို့ရဲ့ ကျန်းမာရေးနဲ့ ကောင်းမွန်တဲ့အခြေအနေကို ထိခိုက်စေနိုင်တယ်လို့ ဩစတြေးလျအစိုးရက ပြောပါတယ်။

အသက် ၁၀ နှစ်ကနေ ၁၅ နှစ်အထိ ဆိုရှယ်မီဒီယာ အသုံးပြုမှုဟာ ၉၆ ရာခိုင်နှုန်း ရှိတယ်လို့ ၂၀၂၅ ခုနှစ် အစောပိုင်းမှာ ဖော်ပြထားပါတယ်။

ဒါဟာ ကလေး ၁၀ ယောက်မှာ ၇ ယောက် အသုံးပြုတာဖြစ်ပြီး အန္တရာယ်ရှိတဲ့ Content တွေကို အတားအဆီးမရှိဘဲ ကြည့်ရှုခွင့်ရှိတယ်လို့ ဆိုပါတယ်။

အမျိုးသမီးတွေကို အထင်မြင်သေးမှုမျိုး၊ အကြမ်းဖက်မှုနဲ့ အစာစားချင်စိတ် လျော့ကျခြင်းနဲ့ ကိုယ့်ကိုယ်ကိုယ် သတ်သေခြင်းမျိုးတွေ စတဲ့ အန္တရာယ်ရှိ Content တွေ အရွယ်မရောက်သေးသူတွေ အတွက် ထိခိုက်စေနိုင်တယ်လို့ ဆိုပါတယ်။

နယူးဇီလန်၊ နော်ဝေ၊ ဒိန်းမတ်၊ ပြင်သစ်၊ စပိန်၊ ဗြိတိန်နဲ့ မလေးရှားတို့ကလည်း ဩစတြေးလျနိုင်ငံရဲ့ အသက် ၁၆ နှစ်အောက်တွေကို ဆိုရှယ်မီဒီယာ အသုံးပြုခွင့် ပိတ်ပင်မှုကို လေ့လာနေပြီး စိတ်ဝင်စားမှု ပြသခဲ့ကြပါတယ်။

အမေရိကန်နိုင်ငံ ယူတားပြည်နယ်မှာ ၂၀၂၄ ခုနှစ်ကစပြီး ပြည်နယ်ဥပဒေအရ အသက် ၁၈ နှစ်အောက်တွေဟာ ဆိုရှယ်မီဒီယာ အသုံးပြုခွင့်ကို မိဘတွေရဲ့ ခွင့်ပြုချက်မရှိဘဲ အသုံးပြုခွင့်မရှိတဲ့ ဥပဒေကို အသုံးပြုခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013