DVB Logo
Home
မြန်မာသတင်း
စစ်ကောင်စီက ဒေါက်တာတေဇာဆန်းအပါ ၁၀ ဦးကို ရွေးကောက်ပွဲကာကွယ်ရေးဥပဒေဖြင့် အမှုဖွင့်
DVB
·
December 10, 2025
စစ်ကောင်စီက ဒေါက်တာတေဇာဆန်းအပါ ၁၀ ဦးကို ရွေးကောက်ပွဲကာကွယ်ရေးဥပဒေဖြင့် အမှုဖွင့်
Donate to DVB

မန္တလေးမှာ ဆန္ဒပြပွဲ ပြုလုပ်ခဲ့တဲ့ ဒေါက်တာ တေဇာဆန်း၊ ကိုခန့်ဝေဖြိုး၊ ကိုနန်းလင်း၊ ကိုထက်မြတ်အောင်၊ မမေချီ (ခ) ချီချီ၊ မရွှန်း (ခ) ရွှန်းရွှန်းတို့ အပါအဝင် ၁၀ ယောက်ကို ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားခြင်းမှ ကာကွယ်ပေးရေး ဥပဒေနဲ့ အမှုဖွင့်လိုက်တယ်လို့ စစ်ကောင်စီပြန်ကြားရေးဌာနက ဒီဇင်ဘာ ၉ ရက်မှာ ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၃ ရက်က ချမ်းအေးသာစံမြို့နယ် ဈေးချိုတော်အနီး ၂၉ လမ်းနဲ့ ၈၄ လမ်းနဲ့ ၈၅ လမ်းကြားက ပျံကျဈေးအတွင်းမှာ ဒေါက်တာ တေဇာဆန်း ဦးဆောင်ပြီး ကိုခန့်ဝေဖြိုး၊ ကိုနန်းလင်းတို့ အပါအဝင် ပြည်သူတွေက စစ်ကောင်စီရဲ့ အတုအယောင် ရွေးကောက်ပွဲကို ဆန့်ကျင် ဆန္ဒပြခဲ့ကြတာပါ။

ဒီဇင်ဘာ ၄ ရက် ညနေမှာ စစ်ကောင်စီတပ်နဲ့ လက်အောက်ခံအဖွဲ့အစည်းတွေက ဆန္ဒပြပွဲ ပြုလုပ်ခဲ့တဲ့ ဈေးတန်းကိုလည်း ဖျက်ဆီးခဲ့ပြီး ပြည်သူတွေကိုလည်း ခြိမ်းခြောက်ခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီရဲ့ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားခြင်းမှ ကာကွယ်ပေးရေး ဥပဒေနဲ့ ဖမ်းဆီးအမှုဖွင့်ခံထားရတဲ့ ပြည်သူ ၂၉၃ ယောက်အထိ ရှိနေပြီလို့ DVB က စုစည်းထားတဲ့ အချက်အလက်တွေအရ သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013