DVB Logo
Home
မြန်မာသတင်း
မြန်မာ့ရွေးကောက်ပွဲ ဆိုးရွားသည့်အကျိုးဆက်များ ဖြစ်မည်ကို ဩစတြေးလျ  စိုးရိမ် 
DVB
·
December 10, 2025
မြန်မာ့ရွေးကောက်ပွဲ ဆိုးရွားသည့်အကျိုးဆက်များ ဖြစ်မည်ကို ဩစတြေးလျ  စိုးရိမ် 
Donate to DVB

လက်ရှိ မြန်မာနိုင်ငံ အခြေအနေဟာ လွတ်လပ်တရားမျှတပြီး လူတိုင်းအကျုံးဝင်တဲ့ ရွေးကောက်ပွဲကျင်းပဖို့ လိုအပ်တဲ့ အရာတွေ မပြည့်စုံသလို ရွေးကောက်ပွဲက မြန်မာပြည်သူတွေအပေါ် ဆိုးရွားတဲ့ အကျိုးဆက်တွေဖြစ်စေပြီး ငြိမ်းချမ်းရေးအတွက် အတားအဆီးဖြစ်မှာကို စိုးရိမ်တယ်လို့ ဒီကနေ့ ဒီဇင်ဘာလ ၁၀ ရက်နေ့မှာ မြန်မာနိုင်ငံဆိုင်ရာ ဩစတြေးလျသံရုံးက ထုတ်ပြန်ပါတယ်။

မြန်မာစစ်အာဏာရှင်အဖွဲ့အစည်းရဲ့ လူ့အခွင့်အရေးအလွဲသုံးစားပြုမှုတွေနဲ့ ချိုးဖောက်မှုတွေ ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်နေတာကို ရှုတ်ချသလို စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေ အပါအဝင် အရပ်သားပြည်သူ‌တွေကို ဆက်လက်တိုက်ခိုက်နေတဲ့အပေါ်ကိုလည်း များစွာ စိုးရိမ်တယ်လို့လည်း ဆိုပါတယ်။

ငြိမ်းချမ်းရေးလမ်းကြောင်း အစစ်အမှန်ဖြစ်ဖို့အတွက် အကြမ်းဖက်မှုတွေကို အဆုံးသတ်ပြီး မတရားဖမ်းဆီးထိန်းသိမ်းထားသူတွေအားလုံး ပါဝင်တဲ့ ဆွေးနွေးညှိနှိုင်းမှုတွေ ပြုလုပ်ဖို့ လိုအပ်တယ်လို့ ဩစတြေးလျအစိုးရက အမြဲယုံကြည်ထားပါတယ်လို့လည်း ထုတ်ပြန်ချက်က ဆိုပါတယ်။

ဒီလို ငြိမ်းချမ်းရေးလမ်းကြောင်း အစစ်အမှန် မရှိဘဲ ကျင်းပတဲ့ ရွေးကောက်ပွဲဟာ ပိုမိုကြီးမားတဲ့ မတည်ငြိမ်မှုတွေဆီ ဦးတည်ပြီးတော့ မြန်မာပြည်သူတွေအပေါ် ဆိုးရွားတဲ့ အကျိုးဆက်တွေ ဖြစ်စေပြီး ဆက်လက်ဖြစ်ပွားနေတဲ့ အကျပ်အတည်းအတွက် ငြိမ်းချမ်းတဲ့ အဖြေကို ရှာဖွေရာမှာ အတားအဆီးဖြစ်မှာကို အထူးစိုးရိမ်တယ်လို့လည်း ဆိုပါတယ်။

ဩစတြေးလျအနေနဲ့ ပြည်သူတွေရဲ့ ဆန္ဒကို ထင်ဟပ်တဲ့ ဒီမိုကရေစီအရပ်သားအစိုးရဆီကို ငြိမ်းချမ်းစွာ အာဏာလွှဲပြောင်းဖို့ ဆက်လက်တိုက်တွန်းပါတယ်လို့လည်း ထုတ်ပြန်ထားပြီး အကျပ်အတည်းတွေကို ဖြေရှင်းရာမှာ အာဆီယံရဲ့ အဓိကကျတဲ့ အခန်းကဏ္ဍကို ပံ့ပိုးထောက်ခံတယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒါ့ကြောင့် အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ်အောက်က ကတိကဝတ်တွေကို အပြည့်အဝ အကောင်အထည်ဖော်ဆောင်ရွက်ဖို့နဲ့ အာဆီယံဥက္ကဌရဲ့ အထူးကိုယ်စားလှယ်အပါအဝင် အာဆီယံကိုယ်စားလှယ်တွေနဲ့ အဓိပ္ပာယ်ရှိတဲ့ တွေ့ဆုံဆွေးနွေးမှုတွေ ပြုလုပ်ဖို့ စစ်အာဏာရှင်အဖွဲ့အစည်းကို တောင်းဆိုပါတယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013