DVB Logo
Home
မြန်မာသတင်း
ရန်ကုန်လူထု အသံတိတ်သပိတ်တွင် ပူးပေါင်းပါဝင်
DVB
·
December 10, 2025
ရန်ကုန်လူထု အသံတိတ်သပိတ်တွင် ပူးပေါင်းပါဝင်
1 / 7
Donate to DVB

အာဏာသိမ်းစစ်တပ်ရဲ့ အတုအယောင်ရွေးကောက်ပွဲကို ဆန့်ကျင်ကန့်ကွက်တဲ့အနေနဲ့  ဒီဇင်ဘာ ၁၀ ရက် အပြည်ပြည်ဆိုင်ရာလူ့အခွင့်ရေးနေ့မှာ  ပြုလုပ်တဲ့ ပြည်လုံးကျွတ် အသံတိတ်သပိတ်မှာ ရန်ကုန်က ပြည်သူတွေလည်း  ပူးပေါင်းပါဝင်နေတာ မြင်တွေ့ရပါတယ်။

ဒီကနေ့ မနက်က ရန်ကုန်မြို့လယ်က လူစည်ကားရာ နေရာတွေမှာပါ လူအသွားအလာ သိမရှိတဲ့အထိ ရန်ကုန်ပြည်သူတွေ ပူးပေါင်းပါဝင်တာတွေ့ရပြီး ဘတ်စ်ကားတွေပုံမှန်အတိုင်း ပြေးဆွဲနေပေမဲ့ ယာဉ်အသွားအလာတွေခါတိုင်းထက် နည်းပါးတာတွေ့ရတယ်လို့ မြို့ခံ တယောက်က ပြောပါတယ်။

ဒီကနေ့ မနက်ပိုင်းမှာ အသံတိတ်သပိတ်ဆင်နွှဲနေတဲ့အတွက် ရန်ကုန်မြို့လယ်က လူစည်ကားရာ နေရာတွေမှာ စစ်အုပ်စုက လုံခြုံရေးယူထားပြီး ကားမှတ်တိုင်တွေမှာပါ အရပ်ဝတ်နဲ့ အသွင်ယူစောင့်ဆိုင်းနေတာကို တွေ့ရပါတယ်။

စစ်တပ်နဲ့ ဌာနဆိုင်ရာတချို့က လမ်းမတွေပေါ် အိမ်စီးကားနဲ့ လှည့်လည်သွားလာတာတွေ ရှိတယ်လို့လည်း အုပ်ချုပ်ရေးပိုင်းကနေ သိရပါတယ်။

အသံတိတ်သပိတ်လုပ်ချိန်မှာ လမ်းမပေါ် ကားလမ်းရှင်းမနေဖို့နဲ့ မြေပြင်အခြေအနေ စောင့်ကြည့်ဖို့အတွက် ညွှန်ကြားချက်ရှိနေတာလို့ မြို့နယ်ထွေအုပ်ဝန်ထမ်းတယောက်က ပြောပါတယ်။

“သိမ်းထားတဲ့ကားတွေပါ ထုတ်သုံးတာတွေပါ ရှိတယ်။ လမ်းပေါ် ရှင်းလင်းနေတာမျိုး မဖြစ်အောင်လို့ မြို့နယ်အလိုက် တာဝန်ယူရတာ။ မြေပြင်အခြေအနေကိုလည်း ပုံမှန်သတင်း တင်ရတယ်။”

ရန်ကုန်မြို့တွင်းက လမ်းမပေါ်မှာ ဖုံတက်နေတဲ့ အိမ်စီးကားတချို့ကို ဒီနေ့ ပိုတွေ့ရတယ်လို့လည်း မြေပြင်သပိတ် အခြေအနေ စောင့်ကြည့်ခဲ့သူတယောက်က ပြောပါတယ်။

သပိတ်ချိန်မှာ သာမန်ရက်တွေထက် လမ်းမမှာ လူနဲ့ ကားအသွားအလာ နည်းပေမဲ့ အရင်သပိတ်တွေ တုန်းကလောက် သိသိသာသာ ရှင်းလင်းတာမျိုး မရှိခဲ့ဘူးလို့ မြေပြင်မှာရှိသူတွေက ဆိုပါတယ်။

ဒီကနေ့ မနက် ၁၀ နာရီကနေ ညနေ ၃ နာရီအထိ အသံတိတ်သပိတ် ဆင်နွှဲမှာဖြစ်လို့ ပြည်သူတွေအနေနဲ့ အပြင်သို့မထွက်ဘဲ မိမိအိမ်တွေမှာသာ နေထိုင်ကြခြင်းဖြင့် ပူးပေါင်းပါဝင်ကြဖို့ ပြီးခဲ့တဲ့ ရက်ပိုင်းကတည်းက သပိတ်အဖွဲ့တွေက နှိုးဆော်ထားကြတာပါ ။

ပြည်သူလူထုအနေနဲ့ စစ်အုပ်စုက တရားမဝင်ကျင်းပဖို့ လုပ်နေတဲ့ အတုအယောင် ရွေးကောက်ပွဲမှာလည်း မဲသွားမပေးကြဖို့နဲ့ မပူးပေါင်း မပါဝင်ကြဖို့ကိုလည်း သပိတ်အဖွဲ့တွေက တိုက်တွန်းထားပါတယ်။

Photo: DVB

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013