
ဥရောပကော်မရှင်ဟာ ယူကရိန်းအတွက် ငွေကြေးထောက်ပံ့ရေးနဲ့ ပတ်သက်ပြီး အဖွဲ့ဝင်နိုင်ငံတွေထဲက အရည်အချင်းပြည့်မီတဲ့ အများစုကို ဆွဲဆောင်ဖို့ ဖြေရှင်းချက်တရပ်နဲ့ အလွန်နီးကပ်နေပြီလို့ ဥရောပကောင်စီ အကြီးအကဲက ဒီဇင်ဘာ ၉ ရက်မှာ ပြောပါတယ်။
အန်တိုနီယို ကို့စ်တာက “အဖွဲ့ဝင်နိုင်ငံအားလုံး ဒါမှမဟုတ် အနည်းဆုံးအနေနဲ့ အရည်အချင်းပြည့်မီတဲ့ အများစုရဲ့ သဘောတူညီချက်ကိုရမဲ့ ဥပဒေနဲ့ နည်းပညာဆိုင်ရာ ဖြေရှင်းချက်တခုကို ဆောင်ရွက်နေတယ်”လို့ ဒဗ္ဗလင်မြို့မှာကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ သတင်းထောက်တွေကို ပြောပါတယ်။
EU ခေါင်းဆောင်တွေဟာ ဒီဇင်ဘာ ၁၈ ရက်မှာ ဆုံးဖြတ်ချက်ချလိမ့်မယ်လို့ ယုံတယ်လို့လည်း ထပ်ပြောခဲ့ပါတယ်။
ဥရောပကော်မရှင်က ယူကရိန်း လက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ အခြေခံဝန်ဆောင်မှုတွေကို ရန်ပုံငွေထောက်ပံ့ဖို့ ပိတ်ဆို့ထားတဲ့ ရုရှားပိုင်ဆိုင်မှုတွေ ဒါမှမဟုတ် နိုင်ငံတကာချေးငွေတွေကို မကြုံစဖူး သုံးဖို့ အဆိုပြုခဲ့တာပါ။
ပိတ်ဆို့ထားတဲ့ ရုရှားရဲ့ ပိုင်ဆိုင်မှုအများစုတည်ရှိရာ ဘယ်လ်ဂျီယံနိုင်ငံရဲ့ အစိုးရကတော့ အစီအစဉ်ကို ကန့်ကွက်ခဲ့ပါတယ်။
Source: Reuters










