DVB Logo
Home
မြန်မာသတင်း
ကနေဒါအမတ်များက စစ်ကောင်စီ ရွေးကောက်ပွဲကို ကန့်ကွက်ရှုတ်ချ
DVB
·
December 9, 2025
ကနေဒါအမတ်များက စစ်ကောင်စီ ရွေးကောက်ပွဲကို ကန့်ကွက်ရှုတ်ချ
Donate to DVB

စစ်ကောင်စီရဲ့ အတုအယောင်ရွေးကောက်ပွဲကို ဆန့်ကျင်ကန့်ကွက် ရှုတ်ချတဲ့အကြောင်း ကနေဒါနိုင်ငံမြို့တော် အော်တဝါအခြေစိုက် မြန်မာ့ဒီမိုကရေစီရေး ကနေဒါ လွှတ်တော် မိတ်ဆွေများအဖွဲ့က ဒီဇင်ဘာ ၈ ရက်မှာ ကြေညာပါတယ်။

လာမဲ့ ဒီဇင်ဘာ ၂၈ ရက်မှာ ကျင်းပဖို့ စီစဉ်ထားတဲ့ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲဟာ အတုအယောင်ဖြစ်တယ်လို့ အဆိုပါအဖွဲ့ရဲ့ ထုတ်ပြန်ချက်ကို ကစ်ချီနာစင်တာရဲ့ ကွန်ဆာဗေးတစ်ပါတီ လွှတ်တော်အမတ် ကယ်လီဒရစ်ဒါက ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။ 

ဒီရွေးကောက်ပွဲဟာ လွတ်လပ်မှုနဲ့ တရားမျှတမှု လုံးဝမရှိတဲ့အတွက် ကနေဒါနိုင်ငံအပါအဝင် ဘယ်ဒီမိုကရေစီနိုင်ငံကမှ အသိအမှတ်မပြုသင့်ဘူးလို့ အဖွဲ့က တိုက်တွန်းထားပါတယ်။

ဒီရွေးကောက်ပွဲဟာ ၂၀၂၁ ခုနှစ်က တရားမဝင်အာဏာသိမ်းမှုနဲ့ စစ်ကောင်စီက မြန်မာပြည်သူတွေအပေါ် ကျူးလွန်နေတဲ့ စစ်ရာဇဝတ်မှုတွေကို တရားဝင်ဖြစ်အောင်လုပ်ဖို့ ကြံစည်ကြိုးပမ်းမှုဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

စစ်ကောင်စီဟာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) မှာ သူတို့ရဲ့ခိုင်းတာလုပ်မဲ့ သစ္စာခံတွေကို ခန့်အပ်ထားတာ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ကို ဖျက်သိမ်းခဲ့တာ၊ တော်လှန်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ နိုင်ငံရဲ့ ၆၀ ရာခိုင်နှုန်းကနေ ၆၅ ရာခိုင်နှုန်းအထိ နေရာတွေမှာ မဲပေးခွင့် ပိတ်ပင်ထားတာနဲ့ ရွေးကောက်ပွဲလုပ်ငန်းစဉ်ကို ဝေဖန်သူတိုင်းကို ရာဇဝတ်မှုအဖြစ် သတ်မှတ်ဖမ်းဆီးထောင်ချနေတာတွေကို ထောက်ပြထားပါတယ်။

ဒီရွေးကောက်ပွဲရလဒ်ကို အသိအမှတ်ပြုတာဟာ စစ်မှန်တဲ့ ဖက်ဒရယ်ဒီမိုကရေစီအတွက် တိုက်ပွဲဝင်နေတဲ့ ရိုဟင်ဂျာတွေအပါအဝင် မြန်မာပြည်သူ သန်းပေါင်းများစွာကို သစ္စာဖောက်ရာရောက်မယ်လို့လည်း ဆိုပါတယ်။

ကနေဒါအနေနဲ့ မြန်မာပြည်သူတွေနဲ့ သူတို့ရဲ့ တော်လှန်ရေးဘက်ကနေ အခိုင်အမာရပ်တည်ဖု့နဲ့ အတုအယောင်ရွေးကောက်ပွဲကို အသိအမှတ်မပြုဖို့လည်း မြန်မာ့မိတ်ဆွေ ကနေဒါလွှတ်တော်အမတ်တွေက တိုက်တွန်းလိုက်ပါတယ်။

မြန်မာ့ဒီမိုကရေစီရေး ကနေဒါ လွှတ်တော် မိတ်ဆွေများအဖွဲ့ (Parliamentary Friends of a Democratic Burma )ဟာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကို တရားဝင် အစိုးရအဖြစ် အသိအမှတ်ပြုဖို့၊ မြန်မာပြည်သူအတွက် လေကြောင်းရန်အန္တရာယ် ကြိုတင်သတိပေးချက် စနစ်တွေ ကူညီပေးဖို့နဲ့ လူသားချင်းစာနာမှုအကူအညီတွေပေးဖို့ ကနေဒါအစိုးရကို အရင်ကလည်း တိုက်တွန်းခဲ့ဖူးပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013