DVB Logo
Home
နိုင်ငံတကာ
ဆီးရီးယားအာဏာရှင်၏ ထိန်းသိမ်းရေးစခန်းနေရာဟောင်း ကော်ဖီဆိုင်နှင့် ယဉ်ကျေးမှုနေရာအဖြစ် ပြောင်းလဲ
DVB
·
December 8, 2025
ဆီးရီးယားအာဏာရှင်၏ ထိန်းသိမ်းရေးစခန်းနေရာဟောင်း ကော်ဖီဆိုင်နှင့် ယဉ်ကျေးမှုနေရာအဖြစ် ပြောင်းလဲ
Donate to DVB

ရာထူးကနေ ဖယ်ရှားခံရတဲ့ ဆီးရီးယားသမ္မတ ဘာရှာအယ်လ် အာဆတ်ရဲ့ အုပ်ချုပ်မှုကာလအတွင်း နိုင်ငံအရှေ့မြောက်ပိုင်း ကာမီရှ်လီမြို့ရှိ လုံခြုံရေးစင်တာဟောင်းတခုမှာ ခုတော့ ကော်ဖီဆိုင်နဲ့ ပြဇာတ်သင်တန်းတွေ ဖွင့်လှစ်ထားပါတယ်။

၂၀၀၈ ခုနှစ်ကနေ ၂၀၁၁ ခုနှစ်အတွင်း နိုင်ငံရေးအမြင်တွေကြောင့် အဆောက်အအုံထဲမှာ ၃ ကြိမ်တိုင်တိုင် ဖမ်းဆီးခံခဲ့ရတယ်လို့ ရိုက်တာသတင်းဌာနကိုပြောခဲ့တဲ့ ယာဆင်း ရှိတ်မို့စ်ဟာ ကော်ဖီဆိုင်မှာ မှန်မှန်လာထိုင်လေ့ ရှိပါတယ်။

ဒီနေရာက ဖိနှိပ်တဲ့နေရာကနေ နှစ်သိမ့်ပြီး လုံခြုံမှုပေးတဲ့နေရာအဖြစ် ပြောင်းလဲသွားခဲ့တာ အံ့သြစရာကောင်းတယ်လို့ ရှိတ်မို့စ်က ပြောပါတယ်။

၂၀၂၅ ခုနှစ် နွေဦးရာသီမှာ လူငယ်အဖွဲ့တဖွဲ့ဟာ ဒေသခံ ကာ့ဒ်အုပ်ချုပ်ရေးအဖွဲ့ရဲ့ ပံ့ပိုးမှုနဲ့ အရင်ထိန်းသိမ်းရေးစခန်းရဲ့ နံရံတွေကို ဆေးပြန်သုတ်ခဲ့ပြီး အပန်းဖြေစင်တာအဖြစ် ဖွင့်လှစ်ခဲ့ပါတယ်။

ဒီနေ့ခေတ်မှာ ဧည့်သည်တွေက ကော်ဖီသောက်ကြပြီး တချိန်က ခြိမ်းခြောက်မှုနဲ့ ဆက်စပ်နေတဲ့ အခန်းတွေထဲမှာ သရုပ်ဆောင်သင်တန်းတွေကို တက်ရောက်ခဲ့ကြပါတယ်။

ဒီနေရာကို စီမံခန့်ခွဲရာမှာ ကူညီပေးနေတဲ့ ပြဇာတ်သရုပ်ဆောင် ရှဗ်ဇန် မာမွတ်က “ကျနော်တို့က ဒီအဆောက်အအုံထဲကို အသက်ဝင်တဲ့ အရောင်တွေကို ယူဆောင်လာခဲ့တယ်” လို့ ပြောပါတယ်။

ဒမတ်စကတ်စ်မြို့တော်က ရဲစခန်းဟောင်းတခုဟာလည်း အလားတူပြောင်းလဲမှုကို ကြုံတွေ့ခဲ့ရပြီး ရဲစခန်းဟောင်းနေရာကို ကော်ဖီဆိုင်အဖြစ် ပြောင်းလဲခဲ့ကာ အဲဒီနေရာရဲ့ အတိတ်ကို သတိရစေတဲ့အနေနဲ့ အခန်းငယ်တွေ ကျန်ရစ်ခဲ့ပါတယ်။

ဆီးရီးယားကို ၅၄ နှစ်ကြာ သံမဏိလက်သီးအုပ်ချုပ်ရေးနဲ့ အုပ်ချုပ်ခဲ့တဲ့ အာဆတ်ရဲ့ မိသားစုက ဒီဇင်ဘာ ၈ ရက်မှာ အစ္စလာမ္မစ်သူပုန်တွေ ဖြုတ်ချတာကို ခံခဲ့ရပြီး ၁၃ နှစ်ကြာ ပြင်းထန်တဲ့ ပြည်တွင်းစစ်လည်း ရုတ်တရက် အဆုံးသတ်ခဲ့ပါတယ်။

အာဆတ်ရဲ့ ရက်စက်ကြမ်းကြုတ်တဲ့ ထိန်းသိမ်းရေးစနစ်ကနေ အကျဉ်းသားထောင်ပေါင်းများစွာ လွတ်မြောက်ခဲ့ပါတယ်။

၂၀၁၁ ခုနှစ်မှာ စတင်ခဲ့တဲ့ ပြည်တွင်းစစ်တလျှောက်လုံးမှာ လုံခြုံရေးတပ်ဖွဲ့တွေဟာ လူထောင်ပေါင်း များစွာကို ထိန်းသိမ်းရေးစခန်းတွေမှာ ထိန်းသိမ်းထားပြီး နိုင်ငံတကာ လူ့အခွင့်အရေး အဖွဲ့အစည်းတွေက နှိပ်စက်ညှဉ်းပန်းမှုဟာ ကမ္ဘာလုံးဆိုင်ရာ အလေ့အကျင့်တခုဖြစ်တယ်လို့ ပြောခဲ့ကြပါတယ်။ မိသားစုတွေကလည်း သူတို့ချစ်ရသူတွေရဲ့ ကံကြမ္မာအကြောင်း ဘာမှ မပြောခဲ့ကြပါဘူး။  

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013