အင်ဒိုနီးရှားနိုင်ငံက မီးခိုးမြူတွေကြောင့် မလေးရှားနိုင်ငံက အပြေးသမားတွေဟာ ရှော့ပင်းစင်တာတွေထဲမှာ အားကစားလုပ်နေရတယ်လို့ ရိုက်တာက ဖော်ပြပါတယ်။
ကွာလာလမ်ပူမြို့နဲ့ ကပ်နေတဲ့ ပီတာလင်းဂျာရာမှာရှိတဲ့ ရှော့ပင်းစင်တာတခုမှာ အပြေးသမားတွေနဲ့ အားကစားလှုပ်ရှားသူတွေ စုဝေးပြီး indoor အားကစားလုပ်နေကြတာ ဖြစ်ပါတယ်။
အက်ရီယာမောလ်ရှိ ဆိုင်ခန်းတွေရှေ့ လျှောက်လမ်းတလျှောက်မှာ အားကစားလုပ်သူတွေ ပြေးခဲ့ကြတာလည်း တွေ့ရပါတယ်။
outdoor အပြေးလေ့ကျင့်ခန်းတွေက လက်ရှိအချိန် မီးခိုးမြူတွေကြောင့် ကျန်းမာရေးအတွက် ဆိုးရွားစေတာကြောင့် ရှော့ပင်းစင်တာတွေထဲမှာ အခုလို အားကစားလှုပ်ရှားမှု လုပ်တာလို့ ဆိုပါတယ်။
လေထုညစ်ညမ်းမှုတွေ ဖြစ်နေချိန်မှာ အဲယားကွန်းတွေရှိတဲ့ ရှော့ပင်းစင်တာထဲမှာ အပြေးအားကစား လုပ်သူတွေဟာ အပြင်မှာလို မညီမညာ လူသွားလမ်းတွေ၊ မီးခိုးမြူတွေ၊ ယာဉ်ကြောပိတ်ဆို့မှု စတဲ့ ပြင်ပအခြေအနေတွေကို ရှောင်လွှဲနိုင်ပြီပဲ ဖြစ်ပါတယ်။
လှုပ်ရှားမှုလုပ်တဲ့သူတွေကလည်း အစုလိုက်အဖွဲ့လိုက် ပရိုမိုးရှင်းဧရိယာမှာ လေ့ကျင့်ခန်း လုပ်ဆောင်နေကြတယ်လို့ ရိုက်တာက ဖော်ပြပါတယ်။
အင်ဒိုနီရှားနိုင်ငံ တောမီးကြောင့် အသက်ရှူလမ်းကြောင်းဆိုင်ရာ ပြဿနာတွေ ဖြစ်ပွားခဲ့ပြီး စင်ကာပူနဲ့ မလေးရှားနိုင်ငံတို့ဟာ ပြီးခဲ့တဲ့အပတ် ကမ္ဘာ့လေထုအညစ်ညမ်းဆုံးမြို့ထဲမှာ ပါဝင်ခဲ့ပါသေးတယ်။
လက်ရှိ အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့ရဲ့ လေထုအရည်အသွေးဟာ iQair ရဲ့ ဖော်ပြချက်မှာ အဆင့် ၈ နေရာ ရောက်နေပြီး ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အနေထားမှာ ရှိနေတယ်လို့ သိရပါတယ်။
Source: Reuters











