DVB Logo
Home
နိုင်ငံတကာ
စတားလုံး အပါအဝင် အနုပညာရှင်များကို အိမ်ဖြူတော်ညစာစားပွဲ ထရမ့်ပ် ကျင်းပပေး
DVB
·
December 7, 2025
စတားလုံး အပါအဝင် အနုပညာရှင်များကို အိမ်ဖြူတော်ညစာစားပွဲ ထရမ့်ပ် ကျင်းပပေး
Donate to DVB

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်ဟာ ဟောလိဝုဒ်စတား စတားလုံးနဲ့ တခြားနာမည်ကျော်တွေကို ဒီဇင်ဘာ ၆ ရက်နေ့က အိမ်ဖြူတော်မှာ ညစာစားပွဲ ကျင်းပပေးခဲ့ပါတယ်။ 

ကနေဒီစင်တာ ဂုဏ်ပြုဆုပေးအပ်ပြီးတဲ့နောက် နာမည်ကျော်တွေကို အခုလို ညစာစားပွဲ ကျင်းပပေးခဲ့တာပါ။ ထရမ့်ပ်ဟာ ပထမသမ္မတသက်တမ်းမှာ ကနေဒီစင်တာပွဲကို တက်ရောက်ခဲ့တာမျိုးမရှိခဲ့ဘဲ ဒုတိယသမ္မတသက်တမ်းမှာ ဒီပွဲကိုပိုပြီး စိတ်ဝင်စားလာတာ ဖြစ်ပါတယ်။ 

စတားလုံး၊ အမေရိကန် ကန်ထရီးအဆိုတော် ဂျော့စထရိတ်၊ အမေရိကန်ရော့ခ်ဂီတအဖွဲ့ KISS၊ အမေရိကန်အဆိုတော် ဂလိုရီယာဂေနာ၊ အင်္ဂလန်သရုပ်ဆောင်နဲ့ အဆိုတော် မိုက်ကယ်ခရောဖို့ဒ်တို့ကို ၂၀၂၅ ခုနှစ် ကနေဒီစင်တာ ဂုဏ်ပြုဆုပေးအပ်ချီးမြှင့်ခဲ့တာ ဖြစ်ပါတယ်။ 

၂၀၂၅ ကနေဒီစင်တာ ဂုဏ်ပြုဆုကို ဟော့လိဝုဒ်စတား တွမ်ခရုစ်က လက်ခံဖို့ ငြင်းဆိုခဲ့ပါတယ်။

အချိန်ဇယားကြောင့်လို့ တွမ်ခရုစ်က ငြင်းဆိုခဲ့ပေမဲ့ နိုင်ငံရေး ပါဝင်ပတ်သက်မှုတွေကြောင့် အခုလို ငြင်းပယ်ခဲ့တာဖြစ်နိုင်တယ်လို့ ထင်ကြေးပေးမှုတွေ ရှိနေပါတယ်။ 

ကနေဒီစင်တာဂုဏ်ပြုဆုဟာ အမေရိကန်နိုင်ငံအတွက် တသက်တာ အနုပညာထူးချွန်တဲ့သူတွေကို ၁၉၇၈ ခုနှစ်ကတည်းက နှစ်စဉ် ၅ ဦး ရွေးချယ်ပေးအပ်ချီးမြှင့်ခဲ့တာ ဖြစ်ပါတယ်။ 

ဒီပွဲမှာ နယူးအော်လန်၊ ချီကာကိုနဲ့မန်းဖစ်မြို့တို့မှာ အမျိုးသားအစောင့်တပ်ဖွဲ့တွေ ထားရှိတာနဲ့ပတ်သက်ပြီး  ပြည်တွင်းလုံခြုံရေးဝန်ကြီး ခရစ္စတီနိုးနဲ့ နယ်စပ်ရေးရာတာဝန်ခံ တွမ်ဟိုမန်းတို့ကို ထရမ့်ပ်က ချီးကျူးစကားပြောခဲ့တာ တွေ့ရပါတယ်။ 

မြို့တွေမှာ တပ်တွေချထားတာနဲ့ပတ်သက်ပြီး နိုင်ငံရေးရန်သူတွေကို အပြစ်ပေးဖို့ အင်အားသုံးတာ ဖြစ်တယ်လို့ ဒီမိုကရက်ခေါင်းဆောင်တွေက စွပ်စွဲထားပါတယ်။ 

Source: Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013