DVB Logo
Home
မြန်မာသတင်း
ရွှေဇင်ရွှေဆိုင် ဓားပြတိုက်ခံရပြီး ရွှေနှင့်ငွေ ကျပ်သိန်း ၁,၀၀၀ ပါသွား
DVB
·
December 7, 2025
ရွှေဇင်ရွှေဆိုင် ဓားပြတိုက်ခံရပြီး ရွှေနှင့်ငွေ ကျပ်သိန်း ၁,၀၀၀ ပါသွား
Donate to DVB

ရန်ကုန်မြို့လယ်၊ လသာမြို့နယ်၊ မဟာဗန္ဓုလလမ်းမှာ ဖွင့်လှစ်ထားတဲ့ ရွှေဇင်ရွှေဆိုင် ဒီဇင်ဘာ ၅ ရက် မနက် ၉ နာရီက ဓားပြတိုက်ခံရပြီး ရွှေထည်ပစ္စည်းနဲ့ ငွေသား ကျပ်သိန်း ၁,၀၀၀ ပါသွားတယ်လို့ နီးစပ်သူတွေဆီက သိရပါတယ်။

မနက် ၉ နာရီလောက်မှာ  ရွှေဇင်ရတနာရွှေဆိုင်က ဝန်ထမ်းတွေ ဆိုင်ဖွင့်ဖို့ ရွှေထည်ပစ္စည်းတွေ ထုတ်နေတုန်း ဆိုင်ကယ်နဲ့ အမျိုးသား ၃ ယောက် ရောက်လာပြီး သေနတ်ပြ လုယက်သွားတာလို့ နီးစပ်သူတယောက်က DVB ကို ပြောပါတယ်။

“ဆိုင်ဖွင့်ဖို့ ကားပေါ်က ဆင်းတုန်းပဲရှိသေးတယ်။ ဆိုင်ကယ်နဲ့ လူ ၃ ယောက်ရောက်လာပြီး ဝန်ထမ်းတွေကို သေနတ်နဲ့ချိန်ထားပြီး ရွှေတွေနဲ့ ငွေသိန်း ၁,၀၀၀ ယူသွားတာ။ ရွှေတန်ဖိုးကို မသိသေးဘူး” လို့ ပြောပါတယ်။

ရွှေဇင်ရတနာရွှေဆိုင် လုယက်ခံရတာဟာ စဥ်းစားစရာဖြစ်ပြီး လတ်တလောမှာ စစ်ကောင်စီတပ်နဲ့ ရဲတွေက စစ်ဆေးနေတယ်လို့ အုပ်ချုပ်ရေးနဲ့နီးစပ်တဲ့ သတင်းရင်းမြစ်က DVB ကိုပြောပါတယ်။

“ဗဟန်း၊ လသာနဲ့ကျောက်တံတားမှာ ဆိုင်ကယ်စီးလို့ရတာ SP ထောက်လှမ်းရေးနဲ့ စရဖအဖွဲ့ပဲ ရှိတယ်။ မြို့ထဲမှာ သာမန်လူစီးလို့မရဘူး။ အခုလုယက်မှုဖြစ်စဥ်က အတော်လေး ရိုက်ခတ်သွားတယ်။ ကိုယ့်အဖွဲ့ထဲကပဲ ဓားပြပြန်တိုက်နေပြီလားဆိုတာ မေးရမလိုဖြစ်နေပြီ” လို့ ပြောပါတယ်။

လက်ရှိအချိန်အထိ ရွှေဇင်ရတနာရွှေဆိုင် လုယက်သွားသူတွေကို ဖမ်းမမိသေးဘူးလို့လည်း သူက ပြောပါတယ်။

စစ်တပ် အာဏာသိမ်းပြီး ၂၀၂၁ ခုနှစ်ကနေ ၂၀၂၅ ခုနှစ်အတွင်း  ရန်ကုန်မှာ လူသတ်၊ လုယက်မှု ၁၅၁ မှု၊ လုယက်မှု ၁၄၃ မှု အပါအဝင် ရွှေဆိုင်ဓားပြတိုက်မှု ၁၇ မှု ရှိတယ်လို့ စစ်ကောင်စီလက်အောက်ခံ ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013