
သီရိလင်္ကာနိုင်ငံမှာ ဆိုင်ကလုန်းမုန်တိုင်း ဒစ်ဝါကြောင့် ဖြစ်ပေါ်လာတဲ့ အစွန်းရောက် ရာသီဥတုကြောင့် သေဆုံးရသူ အရေအတွက် ၆၀၇ ယောက်အထိ မြင့်တက်လာပြီး တခြားသူ ၂၁၄ ယောက် ပျောက်ဆုံးနေဆဲဖြစ်ကြောင်း နိုင်ငံရဲ့ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဌာန (DMC) က ဒီဇင်ဘာ ၅ ရက်မှာ ပြောပါတယ်။
နိုင်ငံတဝန်းရှိ မိသားစုပေါင်း ၅၈၆,၄၆၄ စုမှ လူဦးရေ ၂ သန်းကျော် ထိခိုက်ခံစားခဲ့ရကြောင်း DMC က ပြောပါတယ်။
အိမ်ခြေ ၄,၁၆၄ လုံး ပျက်စီးခဲ့ပြီး တခြား ၆၇,၅၀၅ လုံးမှာ တစိတ်တပိုင်း ပျက်စီးခဲ့တယ်လို့ ဖြည့်စွက် ပြောပါတယ်။
တချိန်တည်းမှာပဲ အရှေ့မြောက် မုတ်သုံအခြေအနေကြောင့် ဒီဇင်ဘာ ၉ ရက်မှ ၁၁ ရက်အတွင်း နိုင်ငံရဲ့တချို့ဒေသတွေမှာ မိုးရွာသွန်းမှု မြင့်တက်လာမယ်လို့ မိုးလေဝသဌာနက ပြောပါတယ်။
အမျိုးသားအဆောက်အအုံနဲ့ သုတေသနအဖွဲ့အစည်းကလည်း ကန်ဒီ၊ ကယ်ဂါလေ၊ ကူရူနီဂါလာ၊ မာတာလေနဲ့ နူဝါရာ့ အေလီယာ့ခရိုင်တွေရှိ နေရာအများအပြားအတွက် အဆင့် ၃ မြေပြိုမှု ကြိုတင်သတိပေးချက် ထုတ်ပြန်ခဲ့ပါတယ်။
Source: Reuters










