DVB Logo
Home
နိုင်ငံတကာ
ဒွန်ဘတ်စ်ဒေသမှ ယူကရိန်းတပ်များ မဆုတ်ခွာပါက အင်အားသုံးသိမ်းမည်ဟု ပူတင် ခြိမ်းခြောက်
DVB
·
December 6, 2025
ဒွန်ဘတ်စ်ဒေသမှ ယူကရိန်းတပ်များ မဆုတ်ခွာပါက အင်အားသုံးသိမ်းမည်ဟု ပူတင် ခြိမ်းခြောက်
Donate to DVB

ဒွန်ဘတ်စ်ဒေသကနေ တပ်တွေဆုတ်ခွာဖို့ ဒါမှမဟုတ် မဆုတ်ခွာရင် အင်အားသုံး သိမ်းပိုက်မှာ ဖြစ်ကြောင်း ရုရှားသမ္မတ ပူတင်က ပြောပါတယ်။

ပူတင်က ယူကရိန်းနဲ့ ဖြစ်ပွားနေတဲ့ စစ်ပွဲ အဆုံးသတ်ရေးအတွက် ညှိနှိုင်းပေးမှုတွေကို ပယ်ချထားပြီး အခုလို ပြောခဲ့တာပါ။

“ယူကရိန်းတပ်တွေ ဒွန်ဘတ်စ်ဒေသကနေ ထွက်ရပါမယ်။ ဒါမှမဟုတ်ရင် ကျနော်တို့ အင်အားသုံး သိမ်းပိုက်ရမှာပါ” လို့ ပူတင်က India Today နဲ့ တွေ့ဆုံချိန်မှာ ပြောခဲ့ပါတယ်။

ရုရှားဟာ ဒွန်ဘတ်စ်ဒေသရဲ့ ၈၅ ရာခိုင်နှုန်းကို ထိန်းချုပ်ထားတယ်လို့ ဆိုပါတယ်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က အမေရိကန်ရဲ့ ငြိမ်းချမ်းရေးအစီအစဉ်နဲ့ ပတ်သက်ပြီး သူ့ကိုယ်စားလှယ်တွေနဲ့ ဆွေးနွေးမှုအရ ပူတင်ဟာ စစ်ပွဲကို ရပ်ချင်ကြောင်း ပြောဆိုခဲ့ပြီးနောက် ပူတင်ရဲ့မှတ်ချက် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

ယူကရိန်းသမ္မတ ဇလန်းစကီးကတော့ နိုင်ငံပိုင် ဒေသတွေကို လက်လွှတ်ရမဲ့ ကိစ္စတွေကိုတော့ ငြင်းဆိုထားပါတယ်။

လက်ရှိအချိန်မှာတော့ ရုရှားဟာ အမေရိကန်နဲ့ ဆွေးနွေးထားတဲ့ကိစ္စ အကြောင်းပြန်ဖို့ကို စောင့်ဆိုင်းနေတဲ့အကြောင်း ရုရှားသမ္မတရုံးက ပြောဆိုထားပါတယ်။

အမေရိကန်ရဲ့ ငြိမ်းချမ်းရေးအစီအစဉ်မှာ ဒွန်ဘတ်စ်ဒေသကို ရုရှားကို လွှဲပေးဖို့ အဆိုပြုထားပြီး မော်စကို တွေ့ဆုံမှုမှာ ဝတ်စ်ကော့အဖွဲ့က ပြင်ဆင်ထားတဲ့ အစီအစဉ်ကို ဖော်ပြခဲ့ပါတယ်။

ပူတင်ဟာ အိန္ဒိယနိုင်ငံ ဒေလီမြို့ကို အလည်အပတ်မလာခင် India Today နဲ့ အင်တာဗျူးမှာ အမေရိကန် အထူးကိုယ်စားလှယ်အဖွဲ့နဲ့ ဆွေးနွေးတဲ့အချိန် ပြင်ဆင်ထားတဲ့ ငြိမ်းချမ်းရေး အစီအစဉ်သစ်ကို မတွေ့ဘူးလို့လည်း ဖြေကြားထားပါတယ်။

အမေရိကန်က အဆိုပြုထားတဲ့ ငြိမ်းချမ်းရေးအစီအစဉ်မှာ တချို့အစိတ်အပိုင်းတွေကို ရုရှားက သဘောမတူဘူးလို့လည်း ပူတင်က ပြောထားပါတယ်။ ဒါပေမဲ့ ဘယ်အချက်တွေဖြစ်တယ် ဆိုတာတော့ ရှင်းရှင်းလင်းလင်း ပြောတာမျိုး မရှိခဲ့ပါဘူး။

ငြိမ်းချမ်းရေးရဖို့ ရုရှား အချိန်ဆွဲနေတာက ယူကရိန်းနယ်မြေတွေ ပိုပြီး သိမ်းပိုက်နိုင်အောင် ဖြစ်တယ်လို့ ယူကရိန်းက ထပ်ပြီး ပြောထားပါတယ်။

ရုရှားဟာ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလက ယူကရိန်းကို ကျူးကျော်စစ် ဆင်နွှဲခဲ့ပြီး လက်ရှိအချိန်မှာ ယူကရိန်းနယ်မြေ ၂၀ ရာခိုင်နှုန်းကို ထိန်းချုပ်ထားပါတယ်။

ပြီးခဲ့တဲ့ ရက်သတ္တပတ်အနည်းငယ်က ရုရှားတပ်တွေဟာ ယူကရိန်းအရှေ့တောင်ဘက်ကို တဖြည်းဖြည်း တိုးချဲ့လာပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013