DVB Logo
Home
နိုင်ငံတကာ
အမေရိကန်ငြိမ်းချမ်းရေးအင်စတီကျုကို ဒေါ်နယ်ထရမ့်ပ်အမည်ပြောင်း
DVB
·
December 5, 2025
အမေရိကန်ငြိမ်းချမ်းရေးအင်စတီကျုကို ဒေါ်နယ်ထရမ့်ပ်အမည်ပြောင်း
Donate to DVB

ထရမ့်ပ်အစိုးရဟာ အမေရိကန်ငြိမ်းချမ်းရေးအင်စတီကျုကို ဒေါ်နယ်ဂျေထရမ့်ပ် ငြိမ်းချမ်းရေးအင်စတီကျုလို့ ပြောင်းလဲမှည့်ခေါ်ခဲ့ပါတယ်။

နောက်တရက်အကြာ ဒီဇင်ဘာ ၄ ရက်မှာတော့ ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံနဲ့ ရဝမ်ဒါနိုင်ငံ ခေါင်းဆောင်တွေရဲ့ ငြိမ်းချမ်းရေးလက်မှတ်ရေးထိုးပွဲကို ထရမ့်ပ် ဦးဆောင်ပြီးတော့ အဲဒီအဖွဲ့အဆောက်အအုံမှာ ကျင်းပခဲ့ပါတယ်။

ဒီအဖွဲ့အစည်းကို ဘယ်သူထိန်းချုပ်ခွင့်ရှိသလဲ ဆိုတာနဲ့ ပတ်သက်ပြီး တရားရုံးမှာ အပြန်အလှန် အငြင်းပွားမှုတွေ ဖြစ်ပေါ်နေချိန်မှာပဲ အခုလို နာမည်ပြောင်းလဲလိုက်တာ ဖြစ်ပါတယ်။

အမေရိကန်သမိုင်းမှာ အကြီးကျယ်ဆုံး သဘောတူညီမှု ဖန်တီးပေးနိုင်သူ (greatest dealmaker) ကို ထင်ဟပ်စေဖို့ အမည်ပြောင်းလဲခဲ့တာလို့ နိုင်ငံခြားရေးဝန်ကြီးဌာနက ဆိုပါတယ်။

လက်ရှိအချိန်မှာတော့ ဝန်ထမ်းတွေ အလုပ်ထုတ်ခံထားရပြီး အဆောက်အအုံကို အစိုးရက ထိန်းချုပ်ထားဆဲ အခြေအနေ ဖြစ်ပါတယ်။ ဝါရှင်တန်မှာ လက်မှတ်ထိုးပွဲလုပ်နေချိန် မြေပြင်မှာတော့ တိုက်ပွဲတွေ ပြင်းထန်နေဆဲ ဖြစ်ပါတယ်။

အထူးသဖြင့် ရဝမ်ဒါက ကျောထောက်နောက်ခံပေးထားတယ်လို့ စွပ်စွဲခံရတဲ့ M23 သူပုန်အဖွဲ့ဟာ မကြာသေးခင်ကပဲ ဂိုမာနဲ့ ဘူကာဗူလို မဟာဗျူဟာကျတဲ့ မြို့ကြီးတွေကို သိမ်းပိုက်ထားပါတယ်။

ဒီစာချုပ်လက်မှတ်ထိုးပွဲမှာ M23 အဖွဲ့ ကိုယ်တိုင်မပါတာကြောင့် တကယ့်လက်တွေ့မှာ တိုက်ပွဲတွေ ရပ်တန့်သွားဖို့ မလွယ်ကူဘူးလို့ သုံးသပ်မှုတွေ ရှိနေပါတယ်။

သမ္မတထရမ့်ပ်ကတော့ ဒီသဘောတူညီချက်ဟာ အမေရိကန်ကုမ္ပဏီတွေအတွက် ဒေသတွင်းက ရှားပါးသတ္တုတွေ တူးဖော်ခွင့်ရစေမဲ့ အခွင့်အလမ်းတခုလို့ ပြောထားပါတယ်။

ဒေသခံတွေကတော့ ဒီစာချုပ်ဟာ စီးပွားရေးအကျိုးအမြတ်ကိုပဲ ဦးစားပေးပြီး နှစ်ပေါင်း ၃၀ ကြာ ပဋိပက္ခကို အမှန်တကယ် ဖြေရှင်းနိုင်မှာ မဟုတ်ဘူးလို့ ဝေဖန်နေကြပါတယ်။

Source: Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013