DVB Logo
Home
အားကစား
၂၀၂၆ ကမ္ဘာ့ဖလားချန်ပီယံအသင်းကို ဖီဖာ ဂန္ထဝင်ကစားသမားများ ခန့်မှန်း
DVB
·
December 5, 2025
၂၀၂၆ ကမ္ဘာ့ဖလားချန်ပီယံအသင်းကို ဖီဖာ ဂန္ထဝင်ကစားသမားများ ခန့်မှန်း
Donate to DVB

၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဗိုလ်စွဲမဲ့အသင်းကို ဘရာဇီး၊ မက္ကဆီကို၊ ကနေဒါနဲ့ အမေရိကန်နိုင်ငံတို့က ဂန္ထဝင်ကစားသမားတွေ ခန့်မှန်းခဲ့ကြပါတယ်။

ဘရာဇီးအသင်းခေါင်းဆောင်ဟောင်း ဒွန်ဂါက ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ၂၄ နှစ်ကြာ ဗိုလ်မစွဲနိုင်တဲ့ ဘရာဇီးအသင်း ချန်ပီယံဖြစ်မယ်လို့ ခန့်မှန်းခဲ့ပါတယ်။

မက္ကဆီကိုကစားသမားဟောင်း ဟာနန်ဒက်ဇ်က ဘရာဇီး၊ အာဂျင်တီးနား၊ ပြင်သစ်၊ အင်္ဂလန်တို့ကို ခန့်မှန်းထားပြီး အမေရိကန် ကစားသမားဟောင်း ဘော်ဘိုအာက အာဂျင်တီးနား ချန်ပီယံဖြစ်မယ်လို့ ခန့်မှန်းခဲ့ပါတယ်။

ကနေဒါ ဂန္ထဝင်ကစားသမား ဟက်ချီဆန်က စပိန်နဲ့ ပေါ်တူဂီအသင်းတို့လည်း ချန်ပီယံဆုအတွက် အားကောင်းတယ်လို့ ဆိုပါတယ်။

ကမ္ဘာ့ဖလားပြိုင်ပွဲမှာ မထင်မှတ်ထားတာတွေ ပြုလုပ်မဲ့အသင်းက မော်ရိုကိုအသင်း ဖြစ်တယ်လို့ ဟာနန်ဒက်ဇ်က ဆိုပြီး ဘယ်ဘိုအာက ကိုလံဘီယာအသင်းကို ရွေးထားကာ ဒွန်ဂါကတော့ အာဖရိက အသင်းတသင်း ဖြစ်မယ်လို့ ဆိုပါတယ်။

ဟက်ချီဆန်ကတော့ အိမ်ရှင် ကနေဒါအသင်းက အံ့ဩစရာတွေ လုပ်ပြမယ်လို့ ခန့်မှန်းထားပါတယ်။

ဖီဖာဂန္ထဝင်ကစားသမားတွေဟာ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ တောက်ပမဲ့ ကစားသမားတွေကိုလည်း ရွေးချယ်ခဲ့ကြပါတယ်။

ဒွန်ဂါက အမ်ဘာပေနဲ့ ဟာလန်းတို့ကို ရွေးချယ်ပြီး ဟက်ချီဆန်က စပိန်ကစားသမား ယာမဲလ်ကို ရွေးကာ ဟာနန်ဒက်ဇ်က နော်ဝေတိုက်စစ်မှုး ဟာလန်းကို ရွေးထားပါတယ်။ ဘယ်ဘိုအာကတော့ အမေရိကန်ကွင်းလယ်လူ ပူလီဆစ်ကို ရွေးချယ်ထားပါတယ်။

လက်ရှိအချိန်မှာ ကမ္ဘာ့ဖလားဟာ အမေရိကန်နိုင်ငံ ဝါရှင်တန်မြို့ကို‌ ရောက်ရှိနေပြီး ဒီဇင်ဘာ ၅ ရက်နေ့မှာ ကမ္ဘာ့ဖလားပြိုင်ပွဲဝင် ၄၈ သင်းကို မဲခွဲဆုံးဖြတ်မှာ ဖြစ်ပါတယ်။

ကမ္ဘာ့ဖလားပြိုင်ပွဲကို အမေရိကန်၊ မက္ကဆီကိုနဲ့ ကနေဒါနိုင်ငံတို့မှာ ဇွန် ၁၁ ရက်နေ့ ကျင်းပမှာဖြစ်ပြီး ဗိုလ်လုပွဲကို ဇူလိုင် ၁၉ ရက်နေ့ နယူဂျာစီမှာ ကျင်းပမှာဖြစ်ပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013