DVB Logo
Home
နိုင်ငံတကာ
အပစ်အခတ်ရပ်စဲရေး စောင့်ကြည့်ကော်မတီထံ အစ္စရေးနှင့် လက်ဘနွန် သံတမန်များ စေလွှတ်
DVB
·
December 4, 2025
အပစ်အခတ်ရပ်စဲရေး စောင့်ကြည့်ကော်မတီထံ အစ္စရေးနှင့် လက်ဘနွန် သံတမန်များ စေလွှတ်
Donate to DVB

အစ္စရေးနဲ့ လက်ဘနွန်တို့ဟာ သူတို့ရဲ့ အပစ်အခတ်ရပ်စဲရေးကို စောင့်ကြည့်နေတဲ့ စစ်ဘက်ကော်မတီတခုကို အရပ်ဘက်သံတမန်တွေ အပြန်အလှန် စေလွှတ်ခဲ့ကြကြောင်း နှစ်ဖက်စလုံးက ထိပ်တန်းအရာရှိတွေက ဒီဇင်ဘာ ၃ ရက်မှာ ပြောကြားခဲ့ပါတယ်။

ဒါဟာ သက်တမ်းရှည် ရန်သူတော် ၂ နိုင်ငံအကြား ဆွေးနွေးပွဲတွေရဲ့ အတိုင်းအတာကို ပထမဆုံးအကြိမ် ချဲ့ထွင်ဖို့ စီစဉ်ထားတဲ့ လှုပ်ရှားမှုတခုလည်း ဖြစ်ပါတယ်။

ဒီအစည်းအဝေးဟာ အရှေ့အလယ်ပိုင်းတလွှား ငြိမ်းချမ်းရေး သဘောတူညီချက်များဆိုင်ရာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်ရဲ့ အစီအစဉ်နဲ့အညီ နှစ်နိုင်ငံဟာ ၂၀၂၄ ခုနှစ် အပစ်အခတ်ရပ်စဲရေးကို စောင့်ကြည့်တာထက် ပိုပြီး ဆွေးနွေးမှုတွေကို တိုးချဲ့ဖို့အတွက် လနဲ့ချီ ကြာမြင့်နေတဲ့ အမေရိကန်ရဲ့ တောင်းဆိုမှုဆီကို ဦးတည်တဲ့ ခြေလှမ်းတရပ်လည်း ဖြစ်ပါတယ်။

အစည်းအဝေးအခြေအနေ ကောင်းမွန်ကြောင်း အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုက ပြောပါတယ်။

အစ္စရေးနဲ့ လက်ဘနွန်အကြား ဖြစ်နိုင်ခြေရှိတဲ့ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ဖို့ အကြံဉာဏ်တွေကို ရေးဆွဲမယ်လို့ သဘောတူညီခဲ့ကြောင်းလည်း သူကဆိုပါတယ်။

ဒါပေမဲ့လည်း ဘယ်လို စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုတွေ ရှိထားပါစေ၊ ဟစ်ဇ်ဘိုလာကို လက်နက်ဖြုတ်သိမ်းရမယ်လို့ နေတန်ယာဟုရဲ့ ရုံးခန်းက ပြောကြားခဲ့ပါတယ်။

နှစ်ဖက်စလုံးဟာ နောက်ဆက်တွဲ အစည်းအဝေးတခု ကျင်းပဖို့လည်း သဘောတူခဲ့တယ်လို့ ဆိုပါတယ်။

အစ္စရေးနဲ့ လက်ဘနွန်တို့ဟာ ၂၀၂၄ ခုနှစ်မှာ အမေရိကန် ကြားဝင်စေ့စပ်ပေးတဲ့ အပစ်အခတ် ရပ်စဲရေးကို သဘောတူညီခဲ့ပြီး အစ္စရေးနဲ့ ဟစ်ဇ်ဘိုလာတို့အကြား တနှစ်ကျော်ကြာ တိုက်ခိုက်မှုတွေကို အဆုံးသတ်စေခဲ့ပါတယ်။

အဲဒီအချိန်ကတည်းက သူတို့ဟာ ချိုးဖောက်မှုတွေနဲ့ ပတ်သက်ပြီး အပြန်အလှန် စွပ်စွဲခဲ့ကြပါတယ်။

ဟစ်ဇ်ဘိုလာရဲ့ မီဒီယာရုံးဟာ ဆွေးနွေးပွဲတွေ တိုးချဲ့မှုနဲ့ ပတ်သက်တဲ့ ရိုက်တာသတင်းဌာနက မေးခွန်းတွေကို ချက်ချင်းတုံ့ပြန်ခြင်း မရှိပါဘူး။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013