
ပြိုင်ဘက် ဘာစီလိုနာတိုက်စစ်ကစားသမား ရာဖင်ညာဟာ ဘလွန်းဒီအောကမ္ဘာ့အကောင်းဆုံး ကစားသမားဆုနဲ့ ထိုက်တန်သူဖြစ်တယ်လို့ အက်သလက်တီကိုနည်းပြ ဆီမြွန်နီက ပြောသွား ပါတယ်။
ဘာစီလိုနာကို ၃ ဂို ၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်မှာ ရာဖင်ညာက တဂိုးသွင်းကာ ခြေစွမ်းပြခဲ့ပြီး ဘလွန်းဒီ အောဆုနဲ့ထိုက်တန်သူဖြစ်ကြောင်း ဆီမြွန်နီက ချီးကျူးခဲ့တာပါ။
ရာဖင်ညာကို သဘောကျနှစ်သက်ပြီး သူဟာ ကွင်းရဲ့နေရာတိုင်းမှာ ကစားခဲ့ပြီး တောင်ပံကစားသမား တယောက်အဖြစ် ကစားခဲ့သလို နောက်ချန် တိုက်စစ်မှူးအဖြစ်လည်း ကစားကာ ဂိုးလည်းသွင်းယူနိုင်ခဲ့တယ်လို့ ဆီမြွန်နီက ပြောပါတယ်။
ဘောလုံးလုယူမှုလည်း ကောင်းမွန်တဲ့ ရာဖင်ညာဟာ မနှစ်က ဘလွန်းဒီအောဆုမရယူနိုင်ခဲ့တဲ့အပေါ် နားမလည် နိုင်ခဲ့ကြောင်း နည်းပြ ဆီမြွန်နီက ပြောပါတယ်။
ဘရာဇီးကစားသမား ရာဖင်ညာဟာ မနှစ်က ပြိုင်ပွဲစုံ ၅၇ ပွဲမှာ ၃၄ ဂိုးသွင်းပြီး ၂၂ ကြိမ်အထိ ဂိုးဖန်တီးနိုင်ခဲ့သူ ဖြစ်ပါတယ်။
Photo:Reuters











