DVB Logo
Home
အားကစား
ရာဖင်ညာ ဟက်ထရစ်ဂိုးသွင်းပြီး ရေးဆင်းဆန်တန်ဒါကို ဘာစီလိုနာ ၇ ဂိုးပြတ် အနိုင်ရ
DVB
·
September 17, 2026
Photo: Reuters
Photo: Reuters
Donate to DVB

ဘာစီလိုနာအသင်းဟာ ရေးဆင်းဆန်တန်ဒါ အသင်းကို ၇-၂ ဂိုးနဲ့ အပြတ်အသတ် အနိုင်ရရှိပြီး လာလီဂါပြိုင်ပွဲမှာ ရာနှုန်းပြည့် အနိုင်ရလဒ်ကို ဆက်လက် ထိန်းသိမ်းထားပါတယ်။

ဒီနေ့ မနက်အစောပိုင်း ယှဉ်ပြိုင်ခဲ့တဲ့ ဒီပွဲမှာ ဘာစီလိုနာအတွက် အသင်းခေါင်းဆောင် ရာဖင်ညာက ပင်နယ်တီ ၂ လုံး အပါအဝင် ဟက်ထရစ် သွင်းယူခဲ့ပြီး ဂျိုအို ကန်ဆယ်လို၊ ဂေးဘရီယယ် ဂျေးဇူး၊ လာမိန်း ယာမဲလ်နဲ့ ရေးဆင်းဆန်တန်ဒါ ကစားသမားတယောက် ကိုယ့်ဂိုးကိုယ် သွင်းယူမှုတွေကနေ ဂိုးတွေရရှိခဲ့တာပါ။

ရာဖင်ညာဟာ ဒီရာသီ ပြိုင်ပွဲစုံမှာ ၁၁ ဂိုးအထိ သွင်းယူထားနိုင်ခဲ့ပြီး လာလီဂါမှာ ၉ ဂိုး သွင်းယူကာ ဘာစီလိုနာရဲ့ လာလီဂါ ၆ ပွဲဆက် အနိုင်ရလဒ်ကို ကူညီပေးထားပါတယ်။

နည်းပြ ဟန်စီ ဖလစ်ရဲ့ ဘာစီလိုနာအသင်းဟာ ဒီရာသီမှာ ရလဒ်ကောင်းတွေ ဆက်တိုက်ရရှိနေပြီး ပြိုင်ပွဲစုံ ၇ ပွဲမှာ ၅ ပွဲအထိ ၅ ဂိုးနဲ့အထက် သွင်းယူထားနိုင်ခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013