DVB Logo
Home
ဘောလုံး
ရာဖင်ညာ၏ ဟက်ထရစ်သွင်းဂိုးဖြင့် ဘာစီလိုနာအသင်း အနိုင်ရလဒ်ဆက်ထိန်း
DVB
·
September 20, 2026
Photo: REUTERS/Marcelo Del Pozo
Photo: REUTERS/Marcelo Del Pozo
Donate to DVB

ဘာစီလိုနာအသင်းဟာ စက်တင်ဘာ ၁၉ ရက်က ဆီဗီလာအသင်းကို အဝေးကွင်းမှာ (၃-၁) ဂိုး နဲ့ အနိုင်ရပြီး လာလီဂါရာသီအစမှာ ရာနှုန်းပြည့် အနိုင်ရလဒ်ကို ဆက်လက်ထိန်းသိမ်းနိုင်ခဲ့ပါတယ်။

အသင်းခေါင်းဆောင် ရာဖင်ညာကလည်း  ဒုတိယပွဲမှာ ဟက်ထရစ်သွင်းယူခဲ့ပြီး ဒီရာသီအစမှာ ဂိုးသွင်းစွမ်းရည်ကောင်းတွေ ဆက်လက်ပြသနေပါတယ်။

ဆီဗီလာအတွက် ယူဆွဖ်ဖိုဖာနာက ၁၈ မိနစ်မှာ ခေါင်းတိုက်ပြီး ဦးဆောင်ဂိုးသွင်းခဲ့ပေမဲ့ ၄ မိနစ်အကြာမှာ ရာဖင်ညာက ချေပဂိုးပြန်သွင်းခဲ့ပါတယ်။ ဒါ့အပြင် ဒုတိယပိုင်း ၅၂ မိနစ်မှာ ဒုတိယဂိုးနဲ့ ၆၉ မိနစ်မှာ တတိယဂိုး ထပ်မံသွင်းယူပြီး ဟတ်ထရစ်ရရှိခဲ့ပါတယ်။

အဲဒီအနိုင်ကြောင့် ဘာစီလိုနာဟာ လာလီဂါမှာ ၇ ပွဲဆက် အနိုင်ရထားပြီး ဒုတိယနေရာက ရီးရဲလ်မက်ဒရစ်ထက် ယာယီ ၆ မှတ်အသာ ရရှိနေပါတယ်။  

ရာဖင်ညာအတွက်တော့ ဒီရာသီ လာလီဂါ ၇ ပွဲမှာ ၁၂ ဂိုး အထိ ရရှိထားပြီး ဘာစီလိုနာရဲ့ ရာသီအစ အောင်မြင်တဲ့ ရလဒ်တွေမှာ အဓိကအခန်းကဏ္ဍကနေ ပါဝင်နေပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013