၂၀၂၆ ဘလွန်းဒီအောဆုအတွက် အဓိက လျာထားခံရသူစာရင်း ထွက်ပေါ်
DVB
·
September 9, 2026

၂၀၂၆ ဘလွန်းဒီအောဆုအတွက် ဆန်ခါတင်လျာထားသူ အယောက် ၃၀ စာရင်း ထွက်ပေါ်လာခဲ့ရာမှာ ရီးရဲလ်မက်ဒရစ် ကစားသမားတွေ ဖြစ်ကြတဲ့ ဘယ်လင်ဂမ်၊ အမ်ဘာပေနဲ့ ဗီနီစီးယက်စ်တို့ ပါဝင် လာခဲ့ပါတယ်။
အာဆင်နယ်အသင်းကို ၂၂ နှစ်အတွင်း ပထမဆုံး ပရီးမီးယားလိဂ် ချန်ပီယံဖြစ်အောင် ကူညီ ပေးခဲ့ကြတဲ့ ဆာလီဘာ၊ ဂါဘရီယယ်နဲ့ ဒီကလန် ရိုက်စ် တို့လည်း စာရင်းမှာ ပါဝင်နေပါတယ်။
ဒါ့အပြင် ဘာစီလိုနာအသင်းရဲ့ လူငယ်ကြယ်ပွင့် လာမိန်း ယာမဲလ်နဲ့ မန်စီးတီးတိုက်စစ်မှူး ဟာလန်း တို့လည်း ဆုဆွတ်ခူးဖို့ ရေပန်းစားနေပါတယ်။
Photo:Reuters











