
ပီအက်စ်ဂျီ ကွင်းလယ်လူ ဗစ်တင်ညာဟာ ဘလွန်းဒီအောကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆု ရမယ့်သူဖြစ်တယ်လို့ စပါးအသင်းရဲ့နည်းပြ သောမက်စ်ဖရန့်ခ်က ချီးကျူးသွားပါတယ်။
ဗစ်တင်ညာဟာ ပီအက်စ်ဂျီက စပါးအသင်းကို ၅ ဂိုး ၃ ဂိုးနဲ့ အနိုင်ရတဲ့ချန်ပီယံလိဂ်ပွဲစဉ်မှာ ဟတ်ထရစ် ၃ ဂိုးသွင်းခဲ့သူဖြစ်ပြီး အသင်းရဲ့ ကွင်းလယ်ကိုလည်း အကောင်းဆုံး ထိန်းချုပ်ကစားနိုင်ခဲ့တာပါ။
ဗစ်တင်ညာက ကမ္ဘာ့အကောင်းဆုံးကွင်းလယ်ကစားသမားဖြစ်ပြီး လာမယ့်နှစ် ဘလွန်းဒီအောဆု ရမယ့်သူ ဖြစ်လာနိုင်တယ်လို့ နည်းပြဖရန့်ခ်က ချီးကျူးခဲ့တာပါ။
အသက် ၂၅ နှစ်ရှိ ပေါ်တူဂီကွင်းလယ်ကစားသမားဟာ မနှစ်ကရာသီမှာ အသင်းနဲ့အတူ ဥရောပချန်ပီယံဆုဖလား ရယူနိုင်ခဲ့ပြီး အခုနှစ်ရာသီပြိုင်ပွဲစုံ ၂၅ ပွဲ ကစားအပြီးမှာ ၅ ဂိုးသွင်းပြီး ၉ ကြိမ် ဂိုးဖန်တီးထားပါတယ်။
Photo: Reuters











