DVB Logo
Home
နိုင်ငံတကာ
တောင်ကိုရီးယားတွင်  နေအိမ်လုံခြုံရေးကင်မရာ ၁၂၀,၀၀၀ ကျော်ကို ဟက်ခ်ပြီး လိင်အမြတ်ထုတ်
DVB
·
December 2, 2025
တောင်ကိုရီးယားတွင်  နေအိမ်လုံခြုံရေးကင်မရာ ၁၂၀,၀၀၀ ကျော်ကို ဟက်ခ်ပြီး လိင်အမြတ်ထုတ်
Donate to DVB

တောင်ကိုရီးယားနိုင်ငံမှာ နေအိမ်နဲ့ လုပ်ငန်းခွင်မှာသုံးတဲ့  IP  လုံခြုံရေးကင်မရာပေါင်း ၁၂၀,၀၀၀ ကျော်ကို ဟက်ခ်လုပ်ပြီး လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်တဲ့ ဗီဒီယိုတွေ ဖန်တီးဖြန့်ဝေခဲ့သူ ၄ ယောက်ကို ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်တယ်လို့ နိုဝင်ဘာ ၃၀ ရက်က ထုတ်ပြန်ပါတယ်။

ကျူးလွန်သူတွေဟာ Password ရိုးရှင်းတဲ့ IP ကင်မရာတွေကို ပစ်မှတ်ထားပြီး ဗီဒီယိုတွေကို ခိုးယူကာ ပြည်ပဝက်ဘ်ဆိုက်တွေဆီ ရောင်းချခဲ့တာ ဖြစ်ပါတယ်။

CCTV ကင်မရာတွေလိုမျိုး သီးသန့်ကြိုးတွေ သွယ်တန်းစရာမလိုဘဲ အိမ်တွင်း အင်တာနက်ဝိုင်ဖိုင်နဲ့ ချိတ်ဆက်အသုံးပြုရတဲ့ ဒီ IP ကင်မရာတွေကို Home Camera လို့လည်း ခေါ်ကြပါတယ်။

ဒီကင်မရာတွေဟာ ဈေးသက်သာပြီး တပ်ဆင်ရလွယ်ကူတာကြောင့် ကလေးနဲ့ အိမ်မွေးတိရစ္ဆာန်တွေကို စောင့်ကြည့်ဖို့ အများဆုံး သုံးစွဲကြတာပါ။

ဒါပေမဲ့ အင်တာနက်ကွန်ရက်ထဲမှာ ရှိနေတာကြောင့် Password လုံခြုံမှုမရှိရင် ပြင်ပကနေ အလွယ်တကူ ဝင်ရောက်ကြည့်ရှုနိုင်တဲ့ အားနည်းချက် ရှိနေတာ ဖြစ်ပါတယ်။

ဟက်ခ်ခံရတဲ့ နေရာတွေထဲမှာ ကိုယ်ပိုင်နေအိမ်တွေ၊ ကာရာအိုကေခန်းမတွေ၊ ပလာတီးစ် (Pilates) လေ့ကျင့်ရေးစတူဒီယိုတွေနဲ့ သားဖွားမီးယပ် ဆေးခန်းတွေအထိ ပါဝင်နေပါတယ်။

သံသယရှိသူ ၄ ယောက်ဟာ သီးခြားစီ ကျူးလွန်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီထဲက တယောက်တည်းကတင် ကင်မရာ ၆၀,၀၀၀ ကျော်ကို ဟက်ခ်လုပ်ပြီးတော့ ဗီဒီယိုတွေ ရောင်းချမှုကနေ အမေရိကန်ဒေါ်လာ ၁၂,၀၀၀ ကျော် ရရှိခဲ့တယ်လို့ ဆိုပါတယ်။

ဒီဗီဒီယိုတွေကို ဝယ်ယူကြည့်ရှုခဲ့သူ ၃ ယောက်ကိုလည်း ထပ်မံ ဖမ်းဆီးထားပြီး ရဲတပ်ဖွဲ့ကတော့ ကင်မရာ တပ်ဆင်ထားသူတွေအနေနဲ့ Password ပုံမှန်ပြောင်းလဲကြဖို့ သတိပေးထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013