DVB Logo
Home
အားကစား
အာဖရိကဖလားအတွက် ကစားသမား စေလွှတ်ရမည့်အချိန်ကို ဖီဖာက ၁ ပတ် နောက်ကျခွင့်ပြု
DVB
·
December 2, 2025
အာဖရိကဖလားအတွက် ကစားသမား စေလွှတ်ရမည့်အချိန်ကို ဖီဖာက ၁ ပတ် နောက်ကျခွင့်ပြု
Donate to DVB

အာဖရိကဖလားပြိုင်ပွဲအတွက် ကစားသမားစေလွှတ်ရမဲ့အချိန်ကို ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (ဖီဖာ) က သီတင်းတပတ် နောက်ကျခွင့် ပြုလိုက်ပါတယ်။

အာဖရိကဖလားပြိုင်ပွဲကို လာမဲ့ ဒီဇင်ဘာ ၂၁ ရက်မှာ စတင်မှာဖြစ်ပေမဲ့ ပရီးမီးယားလိဂ် ကလပ်တွေ အနေနဲ့ ပြိုင်ပွဲမစတင်ခင် တပတ်အလိုရောက်မှသာ ကစားသမားတွေကို စေလွှတ်ပေးရမှာပါ။

ဒါက ကနဦး သတ်မှတ်ရက်ထက် တပတ်နောက်ကျပြီးမှ စေလွှတ်ခွင့်ပြုခဲ့တာဖြစ်ပြီး အာဖရိကဖလား ဝင်ပြိုင်ရမယ့် ကစားသမားတွေရှိတဲ့ အသင်းတွေအတွက် သတင်းကောင်း ဖြစ်ခဲ့ပါတယ်။

ပရီးမီးယားလိဂ်အသင်းတွေထဲမှာ အာဖရိကဖလားအတွက် စေလွှတ်ပေးရမဲ့ ကစားသမား အများဆုံးက ဆန်းဒါးလန်းအသင်းဖြစ်ပြီး စုစုပေါင်း ၇ ယောက်အထိ ရှိပါတယ်။

မန်ယူနိုက်တက်ကလည်း အဓိကတိုက်စစ်ကစားသမားတွေဖြစ်တဲ့ အမ်ဘူမို၊ အာမတ်ဒီယယ်လိုနဲ့ မက်ဇာအိုယီတို့ကို သက်ဆိုင်ရာ လက်ရွေးစင်အသင်းတွေဆီ စေလွှတ်ပေးရမှာပါ။

အာဖရိကဖလားအတွက် ကစားသမားစေလွှတ်ပေးဖို့ မလိုအပ်တဲ့ အသင်းတွေက ၄ သင်းသာရှိပြီး အာဆင်နယ်၊ ချဲလ်ဆီး၊ လိဒ်ယူနိုက်တက်နဲ့ နယူးကာဆယ်အသင်းတို့ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013