DVB Logo
Home
နိုင်ငံတကာ
ကင်ညာလယ်သမားများ မျိုးစေ့ သိမ်းဆည်းခွင့်နှင့် မျှဝေခွင့် ရရှိ
DVB
·
December 2, 2025
ကင်ညာလယ်သမားများ မျိုးစေ့ သိမ်းဆည်းခွင့်နှင့် မျှဝေခွင့် ရရှိ
Donate to DVB

ကင်ညာနိုင်ငံမှာ လယ်သမားတွေက မျိုးစေ့တွေ သိမ်းဆည်းတာနဲ့ မျှဝေတာတွေကို ကန့်သတ်ထားတဲ့ အငြင်းပွားစရာ ၂၀၁၂ ခုနှစ် ဥပဒေရဲ့ အစိတ်အပိုင်းတချို့ကို တရားရုံးတခုက ပယ်ဖျက်ခဲ့ပြီး ဥပဒေကို စားနပ်ရိက္ခာ၊ အချုပ်အခြာအာဏာနဲ့ အသေးစား လယ်ယာစိုက်ပျိုးရေးအတွက် အဓိကအောင်ပွဲတခုအဖြစ် ချီးကျူးဂုဏ်ပြုခဲ့ပါတယ်။

၂၀၂၂ ခုနှစ်မှာ အသေးစားလယ်သမားတွေက ဥပဒေကို စိန်ခေါ်ခဲ့ပြီး ဒီဥပဒေဟာ ဘိုးဘွားတွေရဲ့ ဘဝနေထိုင်မှုပုံစံနဲ့ စားနပ်ရိက္ခာဖူလုံရေးကို ခြိမ်းခြောက်နေတယ်လို့ ပြောဆို ငြင်းခုံခဲ့ပါတယ်။

မျိုးစေ့နဲ့ အပင်မျိုးကွဲများ အက်ဥပဒေရဲ့ အစိတ်အပိုင်းတွေဟာ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ မညီဘူးလို့ တရားရုံးက ကြေညာခဲ့ပါတယ်။

ဥပဒေဟာ လယ်သမားတွေရဲ့ အခွင့်အရေးထက် ကော်ပိုရိတ်အကျိုးစီးပွားကို ဦးစားပေးပြီး ခွဲခြားဆက်ဆံတယ်လို့လည်း ပြောခဲ့ကြပါတယ်။

“မျိုးစေ့နဲ့ အပင်မျိုးကွဲအက်ဥပဒေရဲ့ အပိုင်း ၂၀ က တချို့အပိုင်းတွေဟာ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ မညီဘူးလို့ ကြေညာခဲ့တယ်” လို့လည်း ကင်ညာဥပဒေအသင်း ကိုယ်စားလှယ် ဝမ်ဘူဂူ ဝမ်ဂျိုဟီက ပြောခဲ့ပါတယ်။

သူတို့ဟာ အပင်စိုက်သူတွေကို ပိုင်ဆိုင်မှုအခွင့်အရေးတွေ ကျယ်ကျယ်ပြန့်ပြန့် ပေးအပ်ခဲ့ပြီး လယ်သမားတွေကို ပေးထားတဲ့ သက်ဆိုင်ရာအခွင့်အရေး မရှိဘူးလို့လည်း ပြောခဲ့ပါတယ်။

ဒီဥပဒေဟာ အသိအမှတ်မပြုထားတဲ့ မျိုးစေ့တွေကို အသုံးပြုမှုအတွက် ဒဏ်ငွေအမြောက်အမြားနဲ့ ထောင်ဒဏ် ၂ နှစ်အထိ ချမှတ်ခဲ့ပြီး မျိုးဆက်တွေတလျှောက် လက်ဆင့်ကမ်းလာတဲ့ ဌာနေမျိုးစေ့တွေကို သိမ်းဆည်းခြင်းနဲ့ မျှဝေခြင်းဆိုင်ရာ ရိုးရာအလေ့အကျင့်ကို ရာဇဝတ်မှုအဖြစ် ထိထိရောက်ရောက် သတ်မှတ်ခဲ့ပါတယ်။

လယ်သမား ဖရန်စစ် နီဂီရီက တိုက်ပွဲဟာ အခြေခံအခွင့်အရေးတွေနဲ့ ပတ်သက်တယ်လို့ ပြောပါတယ်။

“ကျနော်တို့ရဲ့ အစားအစာ အချုပ်အခြာအာဏာအတွက် တိုက်ပွဲဝင်ရမှာပါ။ မျိုးစေ့ဟာ အစားအစာ အချုပ်အခြာအာဏာရဲ့ အရင်းအမြစ်တခု ဖြစ်ပါတယ်” လို့ သူက ပြောပါတယ်။

သဘာဝပတ်ဝန်းကျင်အဖွဲ့ Greenpeace က ဒီဆုံးဖြတ်ချက်ကို “အစားအစာ အချုပ်အခြာအာဏာအတွက် အောင်ပွဲ” အဖြစ် ကြိုဆိုခဲ့ပြီး ဒါဟာ ကော်ပိုရိတ် အကျိုးစီးပွားတွေထက် လယ်သမားတွေရဲ့ အခွင့်အရေးတွေကို ကာကွယ်ပေးတယ်လို့ ဆိုပါတယ်။

မျိုးစေ့မှတ်ပုံတင်ခြင်း လိုအပ်ချက်တွေဟာ ကုန်ကျစရိတ်များပြီး ကုမ္ပဏီကြီးတွေကို မျက်နှာသာပေးတာကြောင့် အသေးစား လယ်သမားတွေဟာ စီးပွားဖြစ် မျိုးစေ့တွေကို မှီခိုနေရပြီး ဒေသရင်း မျိုးကွဲတွေအပေါ် သူတို့ရဲ့ ထိန်းချုပ်မှုကို လျော့နည်းစေတယ်လို့ လှုပ်ရှားတက်ကြွသူတွေက ဟိုးအရင်ကတည်းက ငြင်းခုံခဲ့ကြပါတယ်။

Source: Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013