DVB Logo
Home
နိုင်ငံတကာ
အရှေ့တောင်အာရှ ရေကြီးမှု သေဆုံးသူ ၆၀၀ ကျော်၊ လူ ၄ သန်းကျော်သက်ရောက်
DVB
·
December 1, 2025
အရှေ့တောင်အာရှ ရေကြီးမှု သေဆုံးသူ ၆၀၀ ကျော်၊ လူ ၄ သန်းကျော်သက်ရောက်
Donate to DVB

အရှေ့တောင်အာရှ ၃ နိုင်ငံဖြစ်တဲ့ အင်ဒိုနီးရှား၊ မလေးရှားနဲ့ ထိုင်းနိုင်ငံတို့မှာ မိုးသည်းထန်စွာ ရွာသွန်းရေကြီးမှုကြောင့် သေဆုံးသူ ၆၀၀ ကျော်ရှိလာပြီး လူ ၄ သန်းကျော် ဘေးဒုက္ခကြုံတွေ့နေရပါတယ်။

မလက္ကာရေလက်ကြားမှာ ဖြစ်ပေါ်ခဲ့တဲ့ ရှားပါး အပူပိုင်းမုန်တိုင်းကြောင့် တပတ်ကြာ လေပြင်းတိုက်ခိုက်ပြီး မိုးကြီးခဲ့တာ ဖြစ်ပါတယ်။

အင်ဒိုနီးရှားမှာ ၄၃၅ ယောက်နဲ့ သေဆုံးမှုအများဆုံးဖြစ်ပြီး ထိုင်းမှာ ၁၇၀ နဲ့ မလေးရှားမှာ ၃ ယောက် သေဆုံးကြောင်း တာဝန်ရှိသူတွေက နိုဝင်ဘာ ၃၀ ရက်မှာ ထုတ်ပြန်ပါတယ်‌။

အင်ဒိုနီးရှားနိုင်ငံ၊ ဆူမတြားကျွန်းမှာ မြေပြိုမှုတွေကြောင့် လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်နေပြီး ကယ်ဆယ်ရေးအဖွဲ့တွေက ရဟတ်ယာဉ်တွေနဲ့ အကူအညီတွေ ပေးပို့နေရပါတယ်။

အင်ဒိုနီးရှားမှာ လူ ၄၀၀ ကျော် ပျောက်ဆုံးနေဆဲဖြစ်သလို လူပေါင်း ၂ သိန်းကျော် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရပါတယ်။

အနောက်ဆူမတြားဒေသ တချို့နေရာတွေမှာတော့ အကူအညီရဖို့ လက်လှမ်းမမီ ဖြစ်နေတာကြောင့် လုယက်မှုတွေ ရှိနေတယ်လို့လည်း သိရပါတယ်။

ထိုင်းတောင်ပိုင်း ဟတ်ယိုင်မြို့မှာလည်း တရက်အတွင်း မိုးရေချိန် ၃၃၅ မီလီမီတာအထိ ရွာသွန်းခဲ့ပြီး ဒါဟာ နှစ် ၃၀၀ အတွင်း စံချိန်တင်ပမာဏ ဖြစ်ပါတယ်။

မလေးရှားနိုင်ငံမှာတော့ မုန်တိုင်းသတိပေးချက်တွေကို ရုပ်သိမ်းလိုက်ပြီဖြစ်ပေမဲ့ လူ ၁၈,၇၀၀ ကျော် ကယ်ဆယ်ရေးစခန်းတွေမှာ ခိုလှုံနေရဆဲ ဖြစ်ပါတယ်။

ထိုင်းနိုင်ငံမှာ ပိတ်မိနေတဲ့ မလေးရှားနိုင်ငံသား ၆,၂၀၀ ကျော်ကိုလည်း ပြန်လည်ခေါ်ယူနိုင်ခဲ့တယ်လို့ မလေးရှား နိုင်ငံခြားရေးဝန်ကြီးဌာနက ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013