ယူအီးအက်ဖ်အေ နေးရှင်းလိဂ် အဖွင့်ပွဲစဉ်မှာ တိုက်စစ်မှူး ဟာလန်းရဲ့ သွင်းဂိုး ၂ ဂိုးနဲ့အတူ နော်ဝေအသင်းက ဒိန်းမတ်အသင်းကို ၃ ဂိုး - ၂ ဂိုးနဲ့ အနိုင်ရရှိသွားပါတယ်။
ပွဲစလို့ ၁၁ မိနစ်အတွင်းမှာ တိုက်စစ်မှူး အော်စကာဘော့နဲ့ ဟာလန်းတို့က နော်ဝေအတွက် ၂ ဂိုး ဆက်တိုက်သွင်းယူခဲ့ပြီး ဒိန်းမတ်က ဒမ်စဂတ်ရဲ့ ပြစ်ဒဏ်ဘောသွင်းဂိုးနဲ့ ၁ ဂိုး ပြန်ရသွားပါတယ်။
ပွဲချိန် မိနစ် ၆၀ မှာ ဟွိုက်လန်းက ဒိန်းမတ်အတွက် သရေကျစေမဲ့ဂိုး သွင်းယူခဲ့ပေမဲ့ ၇၄ မိနစ်မှာ ဟာလန်းက ထောင့်ကန်ဘောကနေ အနိုင်ဂိုး ပြန်လည်သွင်းယူခဲ့တာကြောင့် ပွဲအပြီးမှာ နော်ဝေအသင်းက ၃ ဂိုး - ၂ ဂိုးနဲ့ အနိုင်ရရှိသွားပါတယ်။
ပွဲပြီးခါနီးမှာ နော်ဝေ ကစားသမားတယောက် ၂ ဝါ ၁ နီနဲ့ ထုတ်ပယ်ခံခဲ့ရပေမဲ့ နော်ဝေအသင်းက လိဂ် (A) အုပ်စု (၄) ရဲ့ ထိပ်ဆုံးမှာ ဦးဆောင်နေပါတယ်။










