DVB Logo
Home
မြန်မာသတင်း
အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး ၁၆ ရက်တာ လှုပ်ရှားမှု ကရင်နီနှင့် ထိုင်းနယ်စပ်တွင်ပြုလုပ်
DVB
·
November 29, 2025
အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး ၁၆ ရက်တာ လှုပ်ရှားမှု ကရင်နီနှင့် ထိုင်းနယ်စပ်တွင်ပြုလုပ်
1 / 9
Donate to DVB

အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှုပပျောက်ရေး ၁၆ ရက်တာ လှုပ်ရှားမှုကို ကရင်နီပြည်နယ်တွင်းနဲ့ ထိုင်း-ကရင်နီနယ်စပ်တို့မှာ ကရင်နီအမျိုးသမီးအစည်းအရုံး KNWO က နိုဝင်ဘာ ၂၅ ရက်ကစပြီး ပြုလုပ်နေပါတယ်။

ဒီဇင်ဘာ ၁၀ ရက်နေ့အထိ ဒီးမော့ဆို၊ ရှားတော၊ ဖရူဆို၊ မယ်စဲ့နဲ့ ထိုင်း-ကရင်နီနယ်စပ် ဘန့်မိုင်နန်းဆွယ် ဒုက္ခသည်စခန်းတို့မှာ ၁၆ ရက်တာလှုပ်ရှားမှုပြုလုပ်ပြီး အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှု၊ ခြိမ်းခြောက်မှုနဲ့ နည်းအမျိုးမျိုးနဲ့ အကြမ်းဖက်တာတွေကို တားဆီးအဆုံးသတ်ဖို့ အသိပညာမျှဝေနေတာဖြစ်ပါတယ်။

KNWO တာဝန်ရှိသူတယောက်က “၂၀၂၁ ကစပြီး ၂၀၂၅ အတွင်းဖြစ်ပွားတဲ့ Case နဲ့ ပတ်သက်တဲ့ဟာတွေ၊ ဖော်ထုတ်ထားတာတွေလုပ်တယ်။ ပြီးတော့ ၁၆ ရက်တာလှုပ်ရှားမှုနဲ့ ပတ်သတ်တာတွေ၊ လူ့အခွင့်အရေးချိုးဖောက်မှုတွေ၊ အမျိုးသမီးတွေအပေါ်ဖိနှိပ်တာတွေကို မလုပ်ဖို့တောင်းဆိုတာလုပ်တယ်။ အခုလက်ရှိအခြေအနေပေါ်မူတည်ပြီး ခေတ်မျက်စိနဲ့ ကြွေးကြော်တာမျိုးတွေ၊ သင်တန်းပေးတာ၊ လူထုအသိပေးတာတွေလုပ်တယ်” လို့ ပြောပါတယ်။

နိုဝင်ဘာ ၂၅ ရက်နေ့ကလုပ်ခဲ့တဲ့ အခမ်းအနားမှာ စစ်ရှောင်အမျိုးသမီးက လက်ရှိရင်ဆိုင်ရတဲ့ အခက်အခဲကို ပြောပြတာ၊ လူသားချင်းစာနာမှု အထောက်အပံ့လိုအပ်တာတွေလည်းမျှဝေပြီး အကာအကွယ်ပေးနိုင်မှုတွေရှင်းပြသလို အကနဲ့ဖျော်ဖြေတာ၊ အားကစားနဲ့ ပန်းချီပြိုင်ပွဲတွေလည်း လုပ်ဖြစ်တယ်လို့ သိရပါတယ်။

၁၆ ရက်တာလှုပ်ရှားမှုကို KNWO အနေနဲ့ ပြီးခဲ့တဲ့နှစ်တွေမှာလည်း ပြုလုပ်ခဲ့ပြီး အမျိုးသမီးအခွင့်အရေးတွေရရှိနိုင်စေဖို့ ဆက်လက်ဆောင်ရွက်နေသလို အိမ်တွင်းမှုကနေ ဝင်ငွေရနိုင်စေဖို့ လက်တွေ့သင်တန်းတွေ ပို့ချပေးနေတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013