DVB Logo
Home
နိုင်ငံတကာ
ခရိုင်းမီးယားတံတားဖောက်ခွဲမှုဖြင့် လူ ၈ ဦးကို ရုရှားက ထောင်ဒဏ်တသက်တကျွန်းချ 
DVB
·
November 29, 2025
ခရိုင်းမီးယားတံတားဖောက်ခွဲမှုဖြင့် လူ ၈ ဦးကို ရုရှားက ထောင်ဒဏ်တသက်တကျွန်းချ 
Donate to DVB

ရုရှားရဲ့ ခရာ့စ်နိုဒါဒေသနဲ့ ခရိုင်းမီးယားကို ဆက်သွယ်ပေးတဲ့ တံတားပေါ်မှာ ယူကရိန်းထရပ်ကား ဗုံးခွဲတိုက်ခိုက်မှုနဲ့ ဆက်နွှယ်ပြီး အမျိုးသား ၈ ယောက်ကို ရုရှားစစ်ဘက်တရားရုံးတခုက နိုဝင်ဘာ ၂၇ ရက်မှာ ထောင်ဒဏ်တသက်တကျွန်း ပြစ်ဒဏ်ချမှတ်ခဲ့ပါတယ်။  

၂၀၂၂ ခုနှစ် အောက်တိုဘာလက ယူကရိန်းမှာ တိုက်ခိုက်နေတဲ့ ရုရှားတပ်ဖွဲ့တွေအတွက် အဓိကထောက်ပံ့ရေးလမ်းကြောင်း တခုဖြစ်တဲ့ ၁၉ ကီလိုမီတာအရှည်ရှိ ခရိုင်းမီးယားတံတားရဲ့ အစိတ်အပိုင်းတခုကို ဖောက်ခွဲခဲ့ပြီး လူ ၅ ယောက် သေဆုံးခဲ့တဲ့ တိုက်ခိုက်မှုအတွက် တာဝန်ရှိကြောင်း ယူကရိန်းရဲ့ SBU ပြည်တွင်းထောက်လှမ်းရေး အေဂျင်စီက ကြေညာပါတယ်။ 

ဖောက်ခွဲရေးပစ္စည်းတွေကို တင်ဆောင်လာတဲ့ ထရပ်ကားမောင်းသူနဲ့ အနီးနားရှိ လူ ၄ ယောက်တို့ တိုက်ခိုက်မှုအတွင်း သေဆုံးခဲ့သလို တံတားရဲ့အစိတ်အပိုင်းတခု ပြိုကျခဲ့ပါတယ်။ 

ကြာသပတေးနေ့က အကြမ်းဖက်မှုစွဲချက်တွေနဲ့ ပြစ်ဒဏ်ချမှတ်ခံရသူ ၈ ယောက်ဟာတံတားကို ဗုံးခွဲတိုက်ခိုက်မှုကို စီစဉ်ရာမှာ ယူကရိန်းကို ကူညီပေးခဲ့တဲ့ စနစ်တကျဖွဲ့စည်းထားတဲ့အဖွဲ့နဲ့ ပတ်သက်နေတယ်လို့ စွပ်စွဲခံထားရပါတယ်။

၂၀၂၃ ခုနှစ်မှာ ယူကရိန်း ပြည်တွင်းထောက်လှမ်းရေးအေဂျင်စီ SBU ရဲ့ အကြီးအကဲ ဗာစီးလ် မာလ်ယွတ်ခ်က ပေါက်ကွဲစေတတ်တဲ့ ပစ္စည်းတွေကို ပလတ်စတစ်ဖလင်လိပ်ကြီးတွေအတွင်း ဝှက်ထားတဲ့ သတ္တုဆလင်ဒါတွေထဲမှာ ဝှက်ထားခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။

SBU က ဒီအကြံအစည်မှာ တခြားသူတွေကို အသုံးပြုခဲ့ပေမဲ့ အမှန်တကယ်ဖြစ်ပျက်နေတဲ့ ကိစ္စတွေကို လျှို့ဝှက်ထားခဲ့ကြောင်းလည်း သူက ဆိုပါတယ်။

ပြစ်ဒဏ်ချမှတ်ခံရသူ ၈  ယောက်စလုံးဟာ တံခါးပိတ်ရုံးတင်စစ်ဆေးမှုအတွင်း သူတို့ရဲ့  အပြစ်ကင်းစင်မှုကို ခုခံချေပခဲ့ကြပြီး ယူကရိန်းရဲ့ ကြံစည်မှုအကြောင်း မသိရှိကြောင်း ပြောကြားခဲ့ပါတယ်။

ဖောက်ခွဲရေးပစ္စည်းတွေကို မှောင်ခိုတင်သွင်းမှုနဲ့ စွပ်စွဲခံရသူတွေက သူတို့ သယ်ဆောင်လာတဲ့ပစ္စည်းဟာ ဘာဆိုတာကို မသိရကြောင်း ပြောကြပြီး ပြည်နယ်ရှေ့နေတွေ ကတော့ သူတို့သိရှိထားရမယ်လို့ ငြင်းခုံခဲ့ကြပါတယ်။

အစိုးရရှေ့နေတွေကတော့ ဖောက်ခွဲရေးပစ္စည်းတွေကို ဘူလ်ဂေးရီးယား၊ အာမေးနီးယားနဲ့ ဂျော်ဂျီယာကနေတဆင့် ယူကရိန်းမှ ကုန်းလမ်းကတဆင့် မှောင်ခိုတင်သွင်းခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။

သူတို့ ၈ စလုံးဟာ အလိမ်ဖော်စက်နဲ့ စစ်ဆေးမှုခံယူပြီးနောက်  သူတို့ရဲ့အပြစ်ကင်းစင်မှုကို ခုခံခဲ့ပါတယ်။

စုံစမ်းစစ်ဆေးမှုမှာလည်း အားလုံးပူးပေါင်းဆောင်ရွက်ခဲ့ကြောင်းနဲ့ ဘယ်သူကမှ သူတို့အပေါ် ကန့်ကွက်ချက် မရှိခဲ့ကြောင်းလည်း ပြောဆိုပါတယ်။

ရုရှားနိုင်ငံဟာ ၂၀၁၄ ခုနှစ်မှာ ယူကရိန်းဆီကနေ ခရိုင်းမီးယားကို သိမ်းပိုက်ခဲ့ပြီးနောက် ခရိုင်းမီးယားတံတားဟာ သမ္မတ ဗလာဒီမာပူတင်အတွက် အဓိကစီမံကိန်းတခု ဖြစ်ပြီး ၂၀၁၈ ခုနှစ်မှာ ထရပ်ကားနဲ့ ဖြတ်သန်း သွားလာခွင့်ပြုခဲ့ပါတယ်။ 

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013