ယူကရိန်းစစ်တပ်က ခရိုင်းမီးယားမြို့ ကာ့ချ်မှာရှိတဲ့ ရေနံလှောင်ကန်တခုကို တိုက်ခိုက်ခဲ့တယ်လို့ ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီးက ဇွန် ၂၁ ရက်မှာ ပြောလိုက်ပါတယ်။
လူမဲ့စနစ် တိုက်ခိုက်ရေးတပ်ဖွဲ့တွေရဲ့ တပ်မှူး ရောဘတ် "မက်ယာ" ဘရော့ဗ်ဒီက ရုရှားထိန်းချုပ်ထားတဲ့ ကာ့ချ်မြို့က ရေနံဂိုဒေါင်ဆိပ်ကမ်းနဲ့ ခရိုင်းမီးယားကျွန်းဆွယ်က ကူရော့တ်နီရွာမှာရှိတဲ့ ကတ်စ်တာ 2E2 ရေဒါစခန်းတို့ကို တိုက်ခိုက်နေတဲ့ ဗီဒီယိုကို ထုတ်ပြန်ခဲ့ပါတယ်။
ကမ်းရိုးတန်း၊ မြေမျက်နှာသွင်ပြင်နဲ့ ဆိပ်ကမ်းအခြေခံအဆောက်အအုံတွေက ဂြိုဟ်တုပုံရိပ်တွေနဲ့ ကိုက်ညီမှုရှိမရှိကို တိုက်ဆိုင်စစ်ဆေးအပြီး တည်နေရာကို ခရိုင်းမီးယား၊ ကာ့ချ်နဲ့ ခရိုင်းမီးယား၊ ကူရော့တနီအဖြစ် အတည်ပြုခဲ့ပါတယ်။ ဗီဒီယိုရိုက်ကူးထားတဲ့ ရက်စွဲကိုတော့ အတည်ပြုလို့ မရသေးပါဘူး။
ရုရှားသိမ်းပိုက်ထားတဲ့ ခရိုင်းမီးယားကျွန်းဆွယ်မှာ ယူကရိန်းရဲ့ ဒရုန်းနဲ့ တိုက်ခိုက်မှုကြောင့် လူ ၄ ယောက် သေဆုံးပြီး ၂၈ ယောက် ဒဏ်ရာရခဲ့တယ်လို့ ရုရှားခန့် ခရိုင်းမီးယားပြည်နယ် အုပ်ချုပ်ရေးမှူးက ပြောပါတယ်။
Source: Reuters










