ယူကရိန်းစစ်တပ်ဟာ ရုရှားရဲ့ နိုဗိုရော့စ်စီးစ်ခ် ဆိပ်ကမ်းမှာရှိတဲ့ ရုရှားစစ်သင်္ဘောတစင်းနဲ့ ရုရှား သိမ်းပိုက်ထားတဲ့ ခရိုင်းမီးယားကျွန်းဆွယ်အနား ပင်လယ်နက်ထဲက ရေနံတူးစင်တခုကို ညတွင်းချင်း ပစ်ခတ် ထိမှန်ခဲ့တယ်လို့ ယူကရိန်း ဒရုန်းတပ်ဖွဲ့မှူး ရောဘတ် ဘရို့ဗ်ဒီက ဧပြီ ၆ ရက်မှာ ပြောပါတယ်။
တိုက်ခိုက်မှုဟာ ရေတပ်ဗိုလ်ချုပ် မာကာရော့ဗ်ရဲ့ နာမည်ကို ပေးထားတဲ့ ဒုံးကျည်တင်သင်္ဘောကို ပစ်မှတ်ထားတယ်လို့ သူက တယ်လီဂရမ်အက်ပ်မှာ ပြောပါတယ်။
ထိမှန်ခံရတဲ့ သင်္ဘောရဲ့ အထောက်အထားကို အတည်မပြုနိုင်ပေမဲ့ ဗီဒီယိုမှာပါတဲ့ သင်္ဘောဟာ ရေတပ်ဗိုလ်ချုပ်ကြီး ဂရီဂိုရိုဗစ်ချ် အမျိုးအစား သင်္ဘောတွေရဲ့ ကုန်းပတ်၊ ပြတင်းပေါက်တွေ၊ လက်နက်တွေနဲ့ ကိုက်ညီနေပါတယ်။
Source: Reuters










