DVB Logo
Home
မြန်မာသတင်း
အွန်လိုင်းမှ အလုပ်သမားမှတ်ပုံတင်ခြင်း အဆင်မပြေသဖြင့် ထိုင်းအလုပ်ရှင်များ ဆန္ဒပြ 
DVB
·
November 28, 2025
အွန်လိုင်းမှ အလုပ်သမားမှတ်ပုံတင်ခြင်း အဆင်မပြေသဖြင့် ထိုင်းအလုပ်ရှင်များ ဆန္ဒပြ 
Donate to DVB

ထိုင်းနိုင်ငံရောက် တရားမဝင် ရွှေ့ပြောင်းအလုပ်သမားမှတ်ပုံတင်ရေးအပါအဝင် တခြားသော အလုပ်သမားရေးရာကိစ္စတွေကို Out Source လို့ ခေါ်တဲ့ အွန်လိုင်းကနေ ဝင်ရောက် ဆောင်ရွက်ရတာ လုံးဝအဆင်မပြေတာကြောင့် အလုပ်ရှင်တွေ စုပေါင်းပြီး ဆန္ဒပြခဲ့ပါတယ်။ 

အင်အား ၁၀၀ လောက်ရှိတဲ့ အလုပ်ရှင်တွေဟာ နိုဝင်ဘာ ၂၇ ရက်နေ့ မနက်က ဘန်ကောက် အလုပ်သမားဝန်ကြီးဌာန အလုပ်အကိုင်ကြီးကြပ်ရှာဖွေ ရေးဦးစီးဌာနရှေ့မှာ သွားရောက်စုရုံး ဆန္ဒပြခဲ့သလို ပြင်ဆင်ဖို့ လိုလားချက်တွေပါတဲ့ စာတစောင်ကိုလည်း တာဝန်ရှိသူတွေထံ ပေးပို့ခဲ့ပါတယ်။ 

နိုင်ငံခြား ရွှေ့ပြောင်းလုပ်သား အမည်စာရင်းတင်သွင်းတာ၊ အလုပ်ရှင်အဟောင်းမှ ထွက်ပြီး အလုပ်ရှင်အသစ်မှ ပြန်လည်လက်ခံတာ (ကျဲန့်ခေါက် - ကျဲန့်အော်)၊ အလုပ်သမားကတ် သက်တမ်းတိုးတာ၊ အလုပ်သမားကတ် ထုတ်ယူဖို့ စတဲ့ အလုပ်သမားဆိုင်ရာကိစ္စတွေကို  အလုပ်သမားရုံးသို့ လူကိုယ်တိုင်လာလုပ်ဖို့မလိုဘဲ E-Work Permit  အွန်လိုင်းစနစ်နဲ့ ဆောင်ရွက်ဖို့ ၊ အဲဒီစနစ်အရ အလုပ်ရှင်အလုပ်သမားတွေဟာ ဘယ်နေရာကနေဖြစ်ဖြစ် ၂၄ နာရီ ဆောင်ရွက်နိုင်တယ်၊ အဲဒီဟာကို ဝန်ဆောင်မှုပေးဖို့  Outsource ပြင်ပကုမ္ပဏီငှားရမ်းထားတယ်၊ အစိုးရက ကြီးကြပ်မယ်လို့  ဒီမတိုင်ခင် အလုပ်သမားဝန်ကြီးဌာနက ထုတ်ပြန်ထားတာပါ။ 

ဒါပေမဲ့ တကယ်တမ်းဆောင်ရွက်ရာမှာ အွန်လိုင်း System မကြာခဏ ပြိုလဲမှုဖြစ်တယ်။ တဆင့်ပြီးတဆင့် ဝင်ရာမှာ မလွယ်ကူဘဲ အချိန်ကြာမြင့်စွာစောင့်ဆိုင်းရတယ်။ အလုပ်သမားတွေကိုယ်တိုင် ဝင်လျှောက်ဖို့ မပြောဘဲ ထိုင်းလူမျိုးအလုပ်ရှင်တွေတောင် ဝင် လျှောက်ရတာ မလွယ်ကူဘူး၊  ဒီလို အွန်လိုင်းဝင်လို့မရတာကို အကြောင်းပြပြီး တရားမဝင်အလုပ်သမားတွေ သိန်းနဲ့ချီထပ်တိုးလာနိုင်တယ်၊ နိုင်ငံတော် အခွန်ငွေများစွာသုံးပြီး Outsource ကုမ္ပဏီသုံးတာ ဘာမှသုံးစားမရဘူး။ ယခင်က အလုပ်သမားရုံးမှာ ကိုယ်တိုင်ကိုယ်ကျသွားပြီး စာရွက်စာတမ်းလုပ်တာ ၁ ရက်တည်းနဲ့ပြီးတယ်၊ အခုက အွန်လိုင်းဝင်မရတော့ ဘယ်နေ့ပြီးမယ်မသိ၊ အလုပ်သမားမှတ်ပုံတင်သက်တမ်းကုန်မယ့်နေ့လည်း နီးလာတယ်။  မိမိ အလုပ်သမားတွေ အထောက်အထားမရှိသရွေ့ စိုးရိမ်ကြောင့်ကြမှုတွေနဲ့သာ နေထိုင်ကြရတယ်လို့ ဆန္ဒပြအလုပ်ရှင်တွေက ပြောပါတယ်။ 

ဒါကြောင့် ယခင်ကပုံစံအတိုင်း မြေပြင်မှာ ဝန်ဆောင်ရေးစင်တာဖွင့်ပြီး ဆောင်ရွက်ပေးဖို့ တောင်းဆိုတယ်၊ ဒါမှမဟုတ်ရင်လည်း  E Work permit စနစ် လွယ်ကူ လျင်မြန် ချောမွေ့အောင် ဆောင်ရွက်ပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။ 

အဆိုပါစနစ်ကို အလုပ်သမားဝန်ကြီးဌာနက ဒီ ၂၀၂၅ ခုနှစ် အောက်တိုဘာ ၁၃ ရက်က စတင်ဖွင့်လှစ်ခဲ့ပေမဲ့  အဆင်မပြေမှုများစွာရှိတာကြောင့်  လူသစ်အမည်စာရင်း တင်သွင်းတာလည်း ယာယီရပ်ဆိုင်းခဲ့တာဖြစ်ပါတယ်။ 

အလုပ်ရှင်တွေရဲ့ တောင်းဆိုတင်ပြချက်စာကို အလုပ်သမားစီမံခန့်ခွဲရေးဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ် နိုင်းဆုမ်ချိုင်း မော်လကုတ်ဆီဆုဝမ်းက လက်ခံရယူပြီး အခုလို အကြံပြုတင်ပြ လာတဲ့အတွက် ကျေးဇူးတင်ကြောင်း၊ အလုပ်သမားစီမံခန့်ခွဲရေးဌာနအနေနဲ့ ဒီကိစ္စကို အလွန်အ ရေးကြီးသော ကိစ္စအဖြစ်မှတ်ယူပြီး အဘက်ဘက်က အဆင်ပြေအောင် အမြန်ဆုံးဆောင်ရွက်သွားမယ့်အကြောင်း ကတိပေးပြောကြားခဲ့တယ်လို့ ဆိုပါတယ်။ 

Source:  Doe e-WorkPermit ထိုင်းအလုပ်သမားစီမံခန့်ခွဲရေးဦးစီးဌာန 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013