DVB Logo
Home
နိုင်ငံတကာ
ပီရူးသမ္မတဟောင်း ဗစ်ဇ်ကာရာကို အဂတိလိုက်စားမှုဖြင့် ထောင်ဒဏ် ၁၄ နှစ် ချမှတ်
DVB
·
November 27, 2025
ပီရူးသမ္မတဟောင်း ဗစ်ဇ်ကာရာကို အဂတိလိုက်စားမှုဖြင့် ထောင်ဒဏ် ၁၄ နှစ် ချမှတ်
Donate to DVB

ပီရူးတရားရုံးဟာ ပီရူးသမ္မတဟောင်း မာတင် ဗစ်ဇ်ကာရာကို ရာထူးမယူမီ နှစ်ပေါင်းများစွာက လာဘ်ပေး လာဘ်ယူမှုနဲ့ အပြစ်ရှိကြောင်း တွေ့ရှိပြီးနောက်မှာ နိုဝင်ဘာ ၂၆ ရက်မှာ ထောင်ဒဏ် ၁၄ နှစ် ချမှတ်ခဲ့ပြီး အဂတိလိုက်စားမှုနဲ့ ထောင်ဒဏ်ချမှတ်ခံရတဲ့ အရင်ခေါင်းဆောင်ဟောင်းစာရင်းထဲ မှာ ပါဝင်လာခဲ့ပါတယ်။

စီရင်ချက်အရ ဗစ်ဇ်ကာရာဟာ ၂၀၁၁ မှ ၂၀၁၄ ခုအထိ တောင်ပိုင်း မိုကွီဂွါဒေသရဲ့ အုပ်ချုပ်ရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ချိန်က အများပြည်သူ့လုပ်ငန်း စာချုပ်တွေအတွက် ဆောက်လုပ်ရေးကုမ္ပဏီတွေဆီမှ ဒေါ်လာ ၆၇၆,၀၀၀ နဲ့ ညီမျှတဲ့ လာဘ်ငွေတွေကို လက်ခံခဲ့ပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာက စတင်ခဲ့တဲ့ ရုံးတင်စစ်ဆေးမှုတလျှောက်လုံးမှာ ဗစ်ဇ်ကာရာဟာ စွဲချက်ကို ငြင်းဆိုခဲ့ပြီး သူဟာ နိုင်ငံရေးအရ နှိပ်စက်ညှဉ်းပန်းမှုခံရသူ ဖြစ်တယ်လို့ အခိုင်အမာပြော ကြားခဲ့ပါတယ်။ 

ဗစ်ဇ်ကာရာရဲ့ ရှေ့နေ အာဝင် ဆစ်ချာ ကတော့ အယူခံဝင်သွားမှာဖြစ်ပြီး၊ သက်ဆိုင်ရာ ဥပဒေရေးရာ အစီအမံအားလုံးကို ဆောင်ရွက်သွားမယ်လို့ ပြောပါတယ်။ 

သီးခြား အရေးယူမှု ၂ ခုကို ဆောင်ရွက်သွားမှာဖြစ်ကြောင်းနဲ့ ပထမအနေနဲ့ အထက်တရားရုံးက ချမှတ်မယ့် ပြစ်ဒဏ်ချမှတ်မှုကို ယာယီရပ်ဆိုင်းပေးဖို့ တောင်းဆိုပြီး တချိန်တည်းမှာပဲ ဒီပြစ်ဒဏ် ချမှတ်မှုကိုလည်း အယူခံဝင်သွားမယ်လို့ ပြောပါတယ်။

ဗစ်ဇ်ကာရာဟာ ၂၀၁၈ ခုနှစ်မှာ အာဏာရလာခဲ့ပြီး ၂ နှစ်အကြာမှာ အဂတိလိုက်စားမှု စုံစမ်းစစ်ဆေးမှုတွေအကြားမှာ ကွန်ဂရက်လွှတ်တော်မှ ဖြုတ်ချခံခဲ့ရပါတယ်။ 

သူ့ရဲ့အစ်ကိုကြီးဖြစ်သူ မာရီယို ဗစ်ဇ်ကာရာ ဟာ ၂၀၂၆ ခုနှစ် ဧပြီလမှာ ကျင်းပမယ့် သမ္မတရွေးကောက်ပွဲမှာ "ပီရူးပထမ" ပါတီအတွက် ဝင်ရောက်ယှဉ်ပြိုင်ဖို့ စီစဉ်ထားပြီး အဲဒီပါတီမှာ သမ္မတဟောင်းက အဓိကအကြံပေးအဖြစ် ဆောင်ရွက်နေတာပါ။

၂၀၂၁ ရွေးကောက်ပွဲမှာ ဗစ်ဇ်ကာရာဟာ တခြားလွှတ်တော်ကိုယ်စားလှယ်လောင်းတွေထက် မဲအများဆုံး ရရှိခဲ့ပေမဲ့ နောက်ပိုင်းမှာ ကွန်ဂရက်လွှတ်တော်ဟာ ၂၀၁၉ ခုနှစ်တုန်းက ဥပဒေပြုလွှတ်တော်ကို ဖျက်သိမ်းခဲ့တဲ့အတွက် အစိုးရရာထူး ၁၀ နှစ်ကြာ တာဝန်ထမ်းဆောင်ခွင့်ကို ပိတ်ပင်ခံခဲ့ရပါတယ်။

ပီရူးနိုင်ငံဟာ နိုင်ငံရေးမငြိမ်မသက်မှုတွေထဲမှာ နစ်မြုပ်နေပြီး အဂတိလိုက်စားမှု အရှုပ်တော်ပုံတွေ ကြောင့် မကြာခဏ ရာထူးမှဖယ်ရှားခံရတာနဲ့ ရာထူးမှ နုတ်ထွက်တာတွေကြောင့် ၂၀၁၈ ခုကစပြီး သမ္မတ ၆ ယောက် အပြောင်းအလဲ ရှိခဲ့ပါတယ်။ 

တခြား သမ္မတဟောင်း ၃ ယောက်လည်း ထောင်ထဲမှာ ရှိနေတာပါ။ အလက်ဂျန်ဒရို တော်လီဒိုနဲ့ အိုလန်တာ ဟူမာလာ တို့ဟာ အဂတိလိုက်စားမှုနဲ့ ပြစ်ဒဏ်ကျခံနေရပြီး ပီဒရို ကက်စ်တီလိုကတော့ ပုန်ကန်မှုစွဲချက်တွေနဲ့ ဖမ်းဆီးခံထားရပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013