DVB Logo
Home
နိုင်ငံတကာ
ထိုင်းအလှမယ်ပြိုင်ပွဲ ကော်မတီဝင် ၁ ဦး ငွေလိမ်မှုဖြင့် ဖမ်းဝရမ်းထုတ်ခံရ 
DVB
·
November 27, 2025
ထိုင်းအလှမယ်ပြိုင်ပွဲ ကော်မတီဝင် ၁ ဦး ငွေလိမ်မှုဖြင့် ဖမ်းဝရမ်းထုတ်ခံရ 
Donate to DVB

ထိုင်းနိုင်ငံမှာ နိုင်ငံတကာအလှမယ်တွေ ရွေးထုတ်ပေးနေတဲ့ Miss Grand International ကုမ္ပဏီ အစုရှယ်ယာ ပါဝင်သူနဲ့  ပြိုင်ပွဲအမှုဆောင်ကော်မတီဝင်တဦးဖြစ်သူ ထိုင်းအမျိုးသမီး မစ္စ အဲန်း ကျကဖုန်း ဟာ  ငွေကြေးလိမ်လည်မှုနဲ့  စွဲချက်တင်ခံထားရပြီး တရားရုံးက ချိန်းဆိုချက်အတိုင်း ရောက်မလာတဲ့အတွက် ဖမ်းဝရမ်းထုတ်ခံရတယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။ 

ဒေါက်တာ ရဝီဝပ် မတ်ချ်မာဒွန်းဆိုသူဟာ လွန်ခဲ့တဲ့ ၂၀၂၃ ခုက မစ္စ အဲန်း ကျကဖုန်း ရဲ့  JKN Global Group ကုမ္ပဏီထဲမှာ ပါဝင်ရင်းနှီးမြှုပ်နှံခဲ့တယ်။ ဘတ်သန်းပေါင်း ၃၀ ထည့်ဝင်ရင်းနှီးခဲ့ပေမဲ့ အကျိုးအမြတ်မရတဲ့အပြင် ရင်းနှီးငွေတွေ ပြန်ထုတ်လို့မရတာကြောင့် တရားဥပဒေကြောင်းအရ အမှုဖွင့်ထားတာ ဖြစ်ပါတယ်။ 

အမှုကို စစ်ဆေးဖို့ ဖရနခွန်းတိုက်တရားရုံးမှ  ဒီနိုဝင်ဘာ ၂၅ ရက်နေ့မှာ ချိန်းဆိုထားပေမဲ့ မစ္စ အဲန်း ကျကဖုန်း ဟာ တရားခွင်ကို ရောက်မလာခဲ့ဘဲ အမှုကိုရှောင်ဖယ်ကာ ထွက်ပြေးမယ့် အပြုအမူရှိတာကြောင့်  တရားရုံးက ဖမ်းဝရမ်းထုတ်လိုက်တာဖြစ်ပြီး လာမယ့် ဒီဇင်ဘာ ၂၆ ရက်နေ့ ထပ်မံရုံးချိန်းလိုက်ပါတယ်။ 

သူဟာ ဒီမတိုင်ခင်ကတည်းက  နိုင်ငံခြားကို ထွက်သွားပြီ၊  မက္ကစီကိုက ကမ္ဘာ့အလှမယ်ပြိုင်ပွဲ MUO ဥက္ကဋ္ဌ မစ္စတာ ရာအူးရိုချာကန်တူရဲ့ အကူအညီနဲ့ မက္ကစီနိုင်ငံသားမှတ်ပုံတင် ရထားတယ်၊ JKN Global Group ပိုင် ငွေကြေး ဘတ်သန်းပေါင်း ၆,၀၀၀ ကိုပါ ခရစ်ပ်တိုငွေအဖြစ်ပြောင်းပြီး နိုင်ငံခြားကို ယူဆောင်သွားပြီလို့လည်း သတင်းတွေ ထွက်ပေါ်နေပါတယ်။ 

ဒီကိစ္စနဲ့ပတ်သက်ပြီး  မမှန်ကန်ကြောင်း၊ ကောလာဟလတွေသာ ဖြစ်ကြောင်း၊ JKN ကုမ္ပဏီမှာ ဘတ်သန်းပေါင်း ၆,၀၀၀ မရှိဘူး၊ ဘတ်သန်းပေါင်း ၃,၀၀၀ သာရှိတယ်၊ စီးပွားရေး အကျပ်အတည်းကြောင့် ကြွေးမြီတင်နေတာဖြစ်ပြီး  အကုန်ပြန်လည်ပေးချေဖို့ ရှိတယ်၊ တရားစွဲထားတဲ့ ကိစ္စတွေကို တရားဥပဒေနဲ့ ပြန်လည်ရင်ဆိုင်ဖြေရှင်းမယ်၊ မဟုတ်မမှန် စွပ်စွဲသူတွေကို အသရေဖျက်မှုနဲ့ ပြန်လည်တရားစွဲဆိုမယ့်အကြောင်း နိုဝင်ဘာ ၂၄ ရက်မှာ JKN ဝန်ထမ်းတယောက်က သတင်းစာရှင်းခဲ့ပါတယ်။ 

ဒီအမှုဟာ အဲန်း ကျကဖုန်း နဲ့ တိုက်ရိုက်သက်ဆိုင်တာကြောင့် သူကိုယ်တိုင် သတင်းစာရှင်းသင့်ပေမဲ့ အဲဒီအချိန် မရှိခဲ့တဲ့အပေါ်လည်း လူတွေက သံသယရှိနေကြပါတယ်။ 

မစ္စ အဲန်း ကျကဖုန်းကို ပံ့ပိုးကူညီသူ MUO ဥက္ကဋ္ဌ မစ္စတာ ရာအူးရိုချာကန်ကတော့ ဒီလဆန်းပိုင်းက ထိုင်းနိုင်ငံမှာ ဥပဒေအရ တားမြစ်ထားတဲ့ အွန်လိုင်းလောင်းကစားကြော်ငြာကို ထိုင်းရောက်နိုင်ငံတကာ အလှမယ်တွေနဲ့ ရိုက်ကူးခဲ့တာကြောင့် ပြဿနာဖြစ်ခဲ့ပါသေးတယ်။ 

Source: Thai Post

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013