DVB Logo
Home
ငြိမ်းချမ်းရေး/စစ်ရေး
ဖလူး-ဝေါလေ နှင့် စုကလိလမ်းပိုင်းတွင် လက်နက်ကိုင်များသွားလာခွင့် DKBA ပိတ်ပင်
DVB
·
November 26, 2025
ဖလူး-ဝေါလေ နှင့် စုကလိလမ်းပိုင်းတွင် လက်နက်ကိုင်များသွားလာခွင့် DKBA ပိတ်ပင်
Donate to DVB

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်ထဲက မင်းလက်ပံရွာမှာရှိတဲ့ ကျားဖြန့်  အွန်လိုင်းငွေလိမ်ဂိုဏ်းကို  ကရင်အမျိုးသားအစည်းအရုံး (KNU)နဲ့ ပူးပေါင်းတပ်တွေက စီးနင်းပြီးတဲ့နောက် ဖလူး-ဝေါလေနဲ့ စုကလိလမ်းပိုင်းမှာ လက်နက်ကိုင်တွေ သွားလာခွင့်ကို DKBA က ပိတ်ပင်လိုက်ပါတယ်။

နိုဝင်ဘာ ၂၆ ရက်နေ့မှာ ကြေညာချက်ထုတ်ပြန်ခဲ့တာဖြစ်ပြီး “မည်သည့်လက်နက်ကိုင်အဖွဲ့အစည်း မဆို ဖြတ်သန်းသွားလာခြင်း ခွင့်မပြု။ အရေးပေါ်သွားလာရန် လိုအပ်ပါက ကြိုတင်သတင်းပို့ရန် အသိပေးပါသည်” လို့ ရေးသားဖော်ပြထားပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် (DKBA) တာဝန်ရှိသူတယောက်ဆီကို DVB က ဆက်သွယ်ရာမှာတော့ သွားလာဖို့ လိုအပ်ရင် ဆက်သွယ်ဖို့အတွက် ဖုန်းနံပါတ်ထည့်ပေးထားတယ်လို့ ပြောပါတယ်။

DKBA အရာရှိတယောက်က“ကျနော်တို့က တခု ထုတ်ထားပြီးသွားပြီလေ နိုင်ငံခြားနဲ့ပတ်သက်လာရင် အဓိက တရုတ်၊ သွားလာဖို့၊ သယ်ဆောင်ဖို့၊ အခုဟာက သူ့လူ ကိုယ့်လူ အဲဒီလိုမျိုး ဟိုဥစ္စာဖြစ်တဲ့အတွက် ပြဿနာတွေ၊ အောက်ခြေကမဖြစ်အောင် ဒီစာကို ထုတ်လိုက်တဲ့သဘောပါပဲ။ ကျန်တဲ့ ရည်ရွယ်ချက်တော့ မရှိပါဘူး” လို့ ပြောပါတယ်။

နိုဝင်ဘာ ၂၁ ရက်မှာ မြဝတီမြို့ရဲ့တောင်ဘက် ဖလူးဒေသမှာ စကောင်စီတပ်နဲ့ DKBA တို့က ထိုးစစ်ဆင်လို့ KNU တပ်တွေနဲ့ တိုက်ပွဲဖြစ်ခဲ့ပြီး DKBA ပိုင်တဲ့ ကျားဖြန့်ဝင်းကို ဝင်ရောက်စီးနင်းခဲ့တာမှာ DKBA တပ်ဖွဲ့ဝင် ၂၃၀ လောက် လက်နက်ချခဲ့ကြောင်း KNU က ထုတ်ပြန်ထားပါတယ်။

အဲဒီနေရာဟာ နိုင်ငံပေါင်းစုံက လူပေါင်း ၂,၀၀၀ ဝန်းကျင်ကို ဂိတ်အထပ်ထပ်ပိတ်ပြီး အွန်လိုင်းငွေလိမ်လုပ်ငန်းလုပ်တဲ့ ခြံဝင်းဖြစ်တာကို တွေ့ရှိခဲ့ရလို့ လူတွေ မထွက်ပြေးနိုင်အောင် KNU တပ်တွေကလည်း ခြံဝင်းပတ်လည်ကို သွားလာတာကန့်သတ်ခဲ့တယ်လို့ ဆိုပါတယ်။

ဒါအတူ ဖလူး(မင်းလက်ပံ) ဒေသ အနီးတဝိုက်မှာ စစ်ကောင်စီတပ်က ဆက်လက်ထိုးစစ်ဆင်နေပြီး KNU မြေပြင်အဖွဲ့နဲ့ အဆောက်အအုံထဲမှာ ပိတ်မိနေတဲ့ နိုင်ငံအများကြီးက နိုင်ငံသားတွေအတွက် အသက်အန္တရာယ်စိုးရိမ်ရတာဟာ အချိန်နဲ့အမျှ တိုးလာနေတယ်လို့လည်း KNU ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒီလိုအခြေအနေတွေ ရှုပ်ထွေးနေချိန် ဖလူး-ဝေါလေနဲ့ စုကလိလမ်းပိုင်းမှာ လက်နက်ကိုင်တွေ သွားလာခွင့်ကို DKBA ပိတ်ပင်တဲ့ ထုတ်ပြန်ချက် ထွက်ရှိလာတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013