DVB Logo
Home
နိုင်ငံတကာ
အာဏာသိမ်းရန်ကြံစည်သည့် ဘရာဇီးသမ္မတဟောင်းကို ထောင်ဒဏ် ၂၇ နှစ် ချမှတ်
DVB
·
November 26, 2025
အာဏာသိမ်းရန်ကြံစည်သည့် ဘရာဇီးသမ္မတဟောင်းကို ထောင်ဒဏ် ၂၇ နှစ် ချမှတ်
Donate to DVB

ရွေးကောက်ပွဲမှာ ရှုံးနိမ့်ခဲ့ပြီးနောက် အာဏာသိမ်းဖို့ ကြံစည်ခဲ့မှုနဲ့ပတ်သက်ပြီး ဘရာဇီးသမ္မတဟောင်းကို ထောင်ဒဏ် ၂၇ နှစ်နဲ့ ၃ လ ချမှတ်ဖို့ တရားရုံးက အမိန့်ချမှတ်ခဲ့ပါတယ်။

တရားသူကြီးက ဘိုဆိုနာရိုကို နောက်ဆုံး ဆုံးဖြတ်ချက် ချမှတ်ခဲ့တာဖြစ်ပြီး အယူခံဝင်ခွင့် မရှိတော့ဘူးလို့ ထုတ်ပြန်ခဲ့ပါတယ်။​

အသက် ၇၀ အရွယ် ဘိုဆိုနာရိုဟာ ၂၀၂၂ ခုနှစ် ရွေးကောက်ပွဲမှာ လူလာဒါဆေးလ်ဗားကို ရှုံးနိမ့်ခဲ့ပြီး အာဏာဆက်မြဲဖို့ ကြိုးစားခဲ့တာဖြစ်ပါတယ်။  

ဘိုဆိုနာရို စနေနေ့က စပြီး နေအိမ်အကျယ်ချုပ်ကို ပယ်ဖျက်ခဲ့ပြီး သူ့အား ဖက်ဒရယ်ရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းခဲ့တာဖြစ်ပါတယ်။​ 

စနေနေ့ကြားနာမှုမှာ ဘိုဆိုနာရိုဟာ သူ့ခြေချင်းဝတ်စောင့်ကြည့်စနစ်ကို ခဲဂေါက်နဲ့ ဖွင့်ဖို့ ကြိုးစားခဲ့တယ်ဆိုပြီး ဝန်ခံခဲ့တယ်လို့ တရားရုံးမှတ်တမ်းတွေက ဖော်ပြပါတယ်။ 

ဘိုဆိုနာရိုကတော့ သူထွက်ပြေးဖို့ ကြံရွယ်ချက်မရှိကြောင်းနဲ့ ဆေးဝါးတွေကြောင့်သာ ဒီ စောင့်ကြည့်စနစ်က ပျက်စီးခဲ့တာပါလို့ ပြောပါတယ်။ 

တရားသူကြီးကတော့ ကျန်းမာရေးပိုပြီး ဆိုးရွားလာတဲ့ ဘိုဆိုနာရိုကို အချိန်ပြည့် ကျန်းမာရေးစောင့်ရှောက်မှု ပေးသင့်တယ်လို့ အမိန့်ပေးခဲ့ပါတယ်။ 

ဘိုဆိုနာရိုကို အာဏာသိမ်းဖို့ အပြစ်ရှိကြောင်းတွေ့ရှိခဲ့ချိန် စက်တင်ဘာလက သူဟာ လူလာနဲ့ ဒုတိယသမ္မတကို လုပ်ကြံဖို့နဲ့ တရားသူကြီးကိုပါ ဖမ်းဆီးကွပ်မျက်ဖို့ ကြိုးစားခဲ့တယ်လို့ တရားရုံးချုပ်က ပြောခဲ့ဖူးပါတယ်။ 

ဒါပေမဲ့ အဲ့ဒီအစီအစဉ်ကို စစ်တပ်နဲ့ လေတပ်တပ်မှူးတွေက ထောက်ခံမှုမရခဲ့ဘဲ လူလာဟာ ၂၀၂၃ ဇန်နဝါရီလ ၁ ရက်မှာ သမ္မတအဖြစ် ကျမ်းကျိန်နိုင်ခဲ့ပါတယ်။ 

ဒါပေမဲ့ ဇန်နဝါရီ ၈ ရက်မှာ ဘိုဆိုနာရိုကို ထောက်ခံသူ ထောင်ပေါင်းများစွာဟာ အစိုးရရုံးကို ဝင်ရောက်စီးနင်းခဲ့ပြီး လူပေါင်း ၁၅၀၀ ခန့်ကို ဖမ်းဆီးခဲ့ရပါတယ်။ 

ဒီလူထု အုံကြွမှုဟာ ဘိုဆိုနာရိုရဲ့ အစီအစဉ်ဖြစ်ကြောင်း တွေ့ရှိခဲ့ပါတယ်။ ဘိုဆိုနာရိုနဲ့အတူ ကြံရာပါတွေကိုလည်း တရားသူကြီးက အင်္ဂါနေ့က ပြစ်ဒဏ်ချမှတ်ခဲ့ပါတယ်။ 

ဘိုဆိုနာရိုကို ထောင်ချခဲ့ပြီးနောက် ရဲဌာနချုပ်အပြင်ဘက်မှာ ဝမ်းသာအားရ ပျော်ရွှင်နေသူတွေနဲ့ ဆန္ဒပြသူတွေလည်းရှိကြောင်း ရိုက်တာက ဖော်ပြပါတယ်။

Source:Reuters 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013