DVB Logo
Home
အားကစား
ကမ္ဘာ့ဖလားတွင် ထိပ်သီး ၄ နိုင်ငံ ဆီမီးဖိုင်နယ်မတိုင်ခင် မတွေ့ဆုံနိုင်ရန် ဖီဖာစီစဉ်ထား 
DVB
·
November 26, 2025
ကမ္ဘာ့ဖလားတွင် ထိပ်သီး ၄ နိုင်ငံ ဆီမီးဖိုင်နယ်မတိုင်ခင် မတွေ့ဆုံနိုင်ရန် ဖီဖာစီစဉ်ထား 
Donate to DVB

၂၀၂၆ ကမ္ဘာ့ဖလားမှာ ဦးစားပေးအဆင့်ထိပ်ဆုံး ၄ နိုင်ငံအနေနဲ့ ဆီမီးဖိုင်နယ်မတိုင်ခင် တွေ့ဆုံတော့မှာမဟုတ်ဘူးလို့ သိရပါတယ်။ 

ကမ္ဘာ့ဘောလုံးအဖွဲချုပ်ဟာ လာမယ့် ၂၀၂၆ ကမ္ဘာ့ဖလားက စတင်ပြီး ထိပ်ဆုံး ၄ နိုင်ငံကို ဆန့်ကျင်ဘက် မဲအိုး တဖက်စီမှာ ထားပြီး မဲခွဲမှာဖြစ်လို့ ဆီမီးဖိုင်နယ်မတိုင်ခင် ထိပ်တွေ့ဆုံခြင်း မရှိဖို့ လုပ်ဆောင်ခဲ့တာပါ။ 

၂၀၂၆ ကမ္ဘာ့ဖလားအတွက် ဦးစားပေးအဆင့် သတ်မှတ်ရာမှာ စပိန်က အဆင့် ၁၊ အာဂျင်တီးနား ကအဆင့် ၂၊ ပြင်သစ်ကအဆင့် ၃ နဲ့ အင်္ဂလန်က အဆင့် ၄ သတ်မှတ်ခံထားရတာကြောင့် အဲဒီ အသင်း ၄ သင်းက နောက်တဆင့် တက်ခဲ့မယ်ဆိုရင် ဆီမီးဖိုင်နယ် မတိုင်ခင်တွေ့ဆုံတော့မှာ မဟုတ်ပါဘူး။ 

ဒါအပြင်  အင်္ဂလန်နဲ့ ပြင်သစ်၊ စပိန်နဲ့ အာဂျင်တီးနား တို့ဟာလည်း ဗိုလ်လုပွဲရောက်မှပဲ တွေ့ဆုံ နိုင်တော့မှာပါ။

ဖီဖာအနေနဲ့ ထိပ်တန်းအသင်းကြီးတွေကို ပြိုင်ပွဲရဲ့အစောပိုင်းအဆင့်တွေမှာ တွေ့ဆုံခြင်းမရှိဖို့ လုပ်ဆောင်ခဲ့တာဖြစ်ပြီး ဦးစားပေးအဆင့်ထိပ်ဆုံး ၄ နိုင်ငံအတွက်လည်း အားသာချက်တွေ ရရှိစေမှာပါ။ 

အင်္ဂလန်အသင်းဟာ ၂၀၂၂ ကမ္ဘာ့ဖလားမှာ ပြင်သစ်အသင်းနဲ့ ကွာတားဖိုင်နယ်မှာပဲ တွေ့ဆုံပြီး ရှုံးနိမ့်ထွက်ခွာခဲ့ရသလို ယူရို ၂၀၂၄ ဗိုလ်လုပွဲမှာလည်း စပိန်အသင်းကို ရှုံးနိမ့်ပြီး ဆုဖလား လက်လွှတ်ခဲ့ရပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013