DVB Logo
Home
နိုင်ငံတကာ
စစ်ရေးဒရုန်းစွမ်းရည် အဆင့်မြှင့်တင်ရန် ဆွီဒင်ကြိုးပမ်း
DVB
·
November 25, 2025
စစ်ရေးဒရုန်းစွမ်းရည် အဆင့်မြှင့်တင်ရန် ဆွီဒင်ကြိုးပမ်း
Donate to DVB

ယူကရိန်းစစ်ပွဲဟာ ခေတ်မီစစ်မြေပြင်ကို ပြောင်းလဲစေလို့ ဆွီဒင်နိုင်ငံဟာ မကြာသေးမီက ဖွင့်ခဲ့တဲ့ လေ့ကျင့်ရေးစင်တာမှာ ဒရုန်းစွမ်းရည်တွေကို အဆင့်မြှင့်တင်ဖို့ လက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ ပေါင်းစည်းဖို့ ကျားကုတ်ကျားခဲ ကြိုးစားနေပါတယ်။ 

လွန်ခဲ့တဲ့နှစ်နည်းနည်းက ကြီးမားပြီး၊ ပုံသေတောင်ပံဒရုန်း နည်းနည်းသာရှိခဲ့တဲ့ ဆွီဒင်နိုင်ငံဟာ ခုတော့ ဒရုန်းအမျိုးအစား ဆယ်ဂဏန်းလောက်ကို ထည့်သွင်းထားပါတယ်။

တချို့ကို ဝယ်ယူပြီး  တချို့ကို အမြောက်အမြား ထုတ်လုပ်ခြင်းအားဖြင့် စစ်မြေပြင်က တပ်ဖွဲ့တွေကို အားဖြည့်ပေးပါတယ်။ 

အခုနှစ်အစောပိုင်းမှာ တရားဝင်ဖွင့်လှစ်ခဲ့တဲ့ ကားစ်ဘုံးစခန်းမှာရှိတဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ ဒရုန်းစင်တာဟာ ဒရုန်းစမ်းသပ်ချက်နဲ့ သင်တန်းပို့ချသူတွေကို ပညာပေးပါတယ်။ 

ဒီနေရာမှာ သူတို့ဟာ ယူကရိန်းနိုင်ငံက အတွေ့အကြုံတွေကနေ သင်ယူနိုင်ပြီး ဆွီဒင်နိုင်ငံရဲ့ အခြေအနေတွေနဲ့ လိုက်လျောညီထွေဖြစ်အောင် လုပ်နိုင်ပါတယ်။ 

ဒရုန်းအများစုကို အသင့်ပြင်ဆင်ထားပေမဲ့ ဒရုန်းစင်တာဟာ ဆွီဒင်နိုင်ငံရဲ့ လိုအပ်ချက်တွေအတွက် စိတ်ကြိုက် လုပ်ထားတဲ့ ဒရုန်းတွေကို ရယူဖို့ ဆွီဒင်ကာကွယ်ရေးပစ္စည်း စီမံခန့်ခွဲရေးဌာနနဲ့လည်း ပူးပေါင်းဆောင်ရွက်နေပါတယ်။

“ဒီစင်တာကို စတင်တည်ဆောက်ခြင်းဟာ လက်နက်ကိုင်တပ်ဖွဲ့တွေအတွက် ကောင်းပေမဲ့ ကျနော်တို့ တိုးချဲ့ဖို့ လိုအပ်ပြီး ဒီလို နောက်ထပ်ဖြန့်ကျက်မှုမျိုး ရဖို့လိုတယ်”လို့ ကားလ်စ်ဘုံးက စင်တာရဲ့ အကြီးအကဲ ဗိုလ်မှူး မိုက်ခယ် ဂွန်နာရက်ခ်က ပြောပါတယ်။

ကားလ်စ်ဘုံးမှာ လေ့ကျင့်ရေး တခုအတွင်း ဆွီဒင်စစ်တပ် ရိန်းဂျားအဖွဲ့ တဖွဲ့ဟာ စောင့်ကြည့်ရေး ဒရုန်းတစ်စင်းနဲ့ ရန်သူပစ်မှတ် တခုကို ဖော်ထုတ်နိုင်ခဲ့ပြီး သေးငယ်တဲ့ဒရုန်းတွေနဲ့ လေ့ကျင့်ရေး ခဲယမ်းတွေကို ကြဲချလေ့ကျင့်ခဲ့ပါတယ်။

Source:Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013