
နေးရှင်းလိဂ် အုပ်စု B4 ပွဲစဉ်မှာ နည်းပြ ဂရေဟမ်ပော့တာ ကိုင်တွယ်တဲ့ ဆွီဒင်အသင်းဟာ ရိုမေးနီးယားအသင်းကို ၂-၁ ဂိုးနဲ့ အနိုင်ရသွားပါတယ်။
ဒီပွဲမှာ ဆွီဒင်အသင်းအတွက် ဦးဆောင်ဂိုးကို ပွဲချိန် မိနစ် ၂၀ မှာ လီဗာပူး တိုက်စစ်မှူး အီဆက်ခ်က သွင်းယူပေးခဲ့ပြီး ပထမပိုင်း မပြီးခင်မှာ အာဆင်နယ် တိုက်စစ်မှူး ယိုကရက်စ်က ဒုတိယဂိုး ထပ်မံ သွင်းယူခဲ့တာပါ။
ရိုမေးနီးယားအသင်းအတွက် ချေပဂိုးကိုတော့ ဒင်းနစ်မန်းက သွင်းယူခဲ့တာ ဖြစ်ပါတယ်။
ဒီနိုင်ပွဲကြောင့် ဆွီဒင်အသင်းဟာ အုပ်စု ထိပ်ဆုံးမှာ ရပ်တည်နေပြီး လာမဲ့ တနင်္လာနေ့ညမှာ ပိုလန်အသင်းနဲ့ အိမ်ကွင်းမှာ ဆက်လက် ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
Photo:Reuters










