DVB Logo
Home
နိုင်ငံတကာ
ရုရှားစစ်လေယာဉ်များကို ဆွီဒင်နှင့် ဖင်လန် တိုက်လေယာဉ်များ ကြားဖြတ်ဟန့်တား 
DVB
·
September 25, 2026
Photo: SWEDISH AIRFORCE / FINNISH AIRFORCE
Photo: SWEDISH AIRFORCE / FINNISH AIRFORCE
Donate to DVB

ဖင်လန် ပင်လယ်ကွေ့အထက်ရှိ နိုင်ငံတကာလေပိုင်နက်အတွင်း ရုရှားစစ်လေယာဉ်တွေကို ကြားဖြတ်ဟန့်တား စစ်ဆေးဖို့ ဆွီဒင်နဲ့ ဖင်လန်တိုက်လေယာဉ်တွေကို စက်တင်ဘာ ၂၄ ရက်က အရေးပေါ် စေလွှတ်ပျံသန်းစေခဲ့တယ်လို့ ဖင်လန်လေတပ်က စက်တင်ဘာ ၂၅ ရက်မှာ ပြောပါတယ်။

ဒီတာဝန်ဟာ နှစ်နိုင်ငံလုံးရဲ့ လေပိုင်နက်ကို စောင့်ကြည့်ကာကွယ်ဖို့အတွက် ဖင်လန်နဲ့ ဆွီဒင်တို့အကြား ထားရှိတဲ့ ပိုမိုကျယ်ပြန့်တဲ့ ပူးပေါင်းဆောင်ရွက်မှု မူဘောင်အောက်ကနေ ဆောင်ရွက်ခဲ့တာလို့ လေတပ်ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

နှစ်နိုင်ငံ လေတပ်တွေ ပေါင်းစပ်ထားတဲ့ တိုက်လေယာဉ်တွေဟာ သယ်ယူပို့ဆောင်ရေး လေယာဉ်တစင်းနဲ့ တိုက်လေယာဉ်တချို့ ပါဝင်တဲ့ ရုရှားစစ်လေယာဉ်အုပ်စုကို လိုက်လံရှာဖွေပြီး ဘယ်နိုင်ငံက လေယာဉ်တွေ ဖြစ်ကြောင်း ခွဲခြားအတည်ပြုနိုင်ခဲ့တယ်လို့လည်း ဆိုထားပါတယ်။

၂၀၂၂ ခုနှစ်မှာ ရုရှားက ယူကရိန်းကို အပြည့်အဝ ဝင်ရောက်ကျူးကျော်ခဲ့ပြီးနောက်ပိုင်း ဖင်လန်ပင်လယ်ကွေ့ ပါဝင်တဲ့ ဘောလ်တစ်ပင်လယ်ဒေသမှာ ဓာတ်ငွေ့ပိုက်လိုင်းတွေ ပျက်စီးတာ၊ ဝေဟင်နယ်ကျူးကျော်တာနဲ့ ဒရုန်းတွေ တွေ့ရှိရတာမျိုးတွေ ဖြစ်ပွားခဲ့တာကြောင့် အမြင့်ဆုံး သတိပေးချက် ထုတ်ပြန်ထားရတာ ဖြစ်ပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013